၂၈ ဒီဇင်ဘာ ၂၀၂၂ - ၂၁:၃၀
ဟဇရသ် ဇဲဟ်ရာဟ် (စ.အ) ၏ သားသမီးများ၏ ကြီးမြတ်မှု

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ်တော် တစ်ခု တွင် ဟဇရသ် ဇဲဟ်ရာဟ် (စ.အ) ၏ သားသမီးများ၏ ကြီးမြတ်မှု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် အဝါလန်မ် အလ်အူလူးမ် ဝလ်မအာရေဖ် ဝအလ်အဲဟ်ဝါလ် မင်န် နေလ်အာယာသ် ဝလ် အဲခ်ဗါရ် ဝလ်အက်ကဝါလ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی الله علیه و آله و سلم :

وُلدِ فاطِمَةَ فَانَا وَلِیُّهُم وَ عُصبَتُهُم، وَ هُم خُلِقُوا مِن طِینَتِی ویل للمکذبین بفضلهم، من أحبهم أحبه اللّه و من أبغضهم أبغضه اللّه.

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

ငါသည် ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာဟ် (စ.အ) ၏သားသမီးများ ( အေမာမ်ဟစန်(အ.စ) ၊ အေမာမ် ဟိုစိုင်းန် (အ.စ) ၊ ဟဇရသ် ဇိုင်နဗ် (စ.အ) ၊ ဟဇရသ် အွန်မ်မေကိုလ်စွန်မ် (စ.အ) ) တို့ ၏ ဝလီ (ခ) ဘက်စုံကြီးကြပ် ကွပ်ကဲသူ ဖြစ်ပါသည်။၎င်းတို့သည်ကျွန်ုပ်၏ ဖြစ်တည်မှုမှဖန်ဆင်းခံထားရခြင်း ဖြစ် ပါသည်။၎တို့၏ ကြီးကျယ်မြင့်မြတ်မှု ကိုငြင်းသူများ အတွက် ဝမ်းနည်းစရာပင်။၎င်းတို့အား ချစ်မြတ်နိုးသူမည်သူမဆို အား အလ္လာဟ်ဟို အရှင်မြတ်သည်ချစ်မြတ်နိုးတော်မူပါသည်။ ပြီးနောက် ၎င်းတို့၏ ရန်သူမည်သူမဆို သည် အလ္လာဟ်ဟိုအရှင်မြတ်၏ ရန်သူဖြစ်ပါသည်။

ကျမ်းကိုး ။ ။ အဝါလန်မ် အလ်အူလူးမ် ဝလ်မအာရေဖ် ဝအလ်အဲဟ်ဝါလ် မင်န် နေလ်အာယာသ် ဝလ် အဲခ်ဗါရ် ဝလ်အက်ကဝါလ် ကျမ်း ၊ အတွဲ ၁၁ ၊ စာမျက်နှာ၁၀၂၁

****************************************************************

END / 251