၉ စက်တင်ဘာ ၂၀၂၆ - ၀၀:၀၁
အီရန်ရေနံတင်သင်္ဘောများကို တိုက်ခိုက်ပါက အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားမည်ဟု ဗိုလ်ချုပ် အဗ်ဒိုလ္လာဟ်ဟီ ပြော

အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲ ဗိုလ်ချုပ် အဗ်ဒိုလ္လာဟ်ဟီ က အီရန်၏ ရေနံတင် သင်္ဘောများ အပေါ် မည်သည့်လုပ်ဆောင်မှုမျိုးမဆို ပြုလုပ်လာပါက ဒေသတွင်းရှိ အမေရိကန် စစ်စခန်း များကို ပစ်မှတ်ထားမည်ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဟ်ရ်သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ဗိုလ်ချုပ် အဗ်ဒိုလ္လာဟ်ဟီ က လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်သော ကြေညာချက်တွင် အမေရိကန်စစ်တပ်သည် အီရန်ရေနံတင်သင်္ဘောများကို တိုက်ခိုက် နိုင်ရန်အတွက် ၎င်းတို့အား ရေနံကုန်ချပြီး အလွတ်ပြုထားရန် သတိပေးထားကြောင်း ပြောဆိုခဲ့ပါတယ်။

၎င်းက အီရန်ရေနံတင်သင်္ဘောများအပေါ် မည်သည့်တိုက်ခိုက်မှု သို့မဟုတ် အရေးယူဆောင်ရွက်မှုမျိုးမဆို ပြုလုပ်လာပါက အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဒေသတွင်းရှိ အမေရိကန်စစ်ဘက်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု သတိပေးခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha