၃၁ ဇန်နဝါရီ ၂၀၂၃ - ၁၇:၀၁
အီရန် ရန်သူများ အနေဖြင့် မေတ္တာ ရပ်ခံခြင်း ဖြင့်လည်း အီရန် ပြည်သူများ ကို လမ်းပေါ် ထွက်လာပြီး ဆန္ဒ ပြအောင် လုပ်နိုင်မည် မဟုတ်ချေ  / ဗိုလ်ချုပ်ကြီး ဖသ်ဝီ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ဖသ်ဝီ မှ အီရန် ရန်သူများ နှင့် ၎င်းတို့၏ မဟာမိတ်များ သစ္စာဖောက် မိုနာဖေက်များ သိအောင် ပြတ်သားစွာ ထိထိမိမိ ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့  သမ္မတ  နိုင်ငံ ၏ ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ဖသ်ဝီ မှ အီရန် ရန်သူများ နှင့်  ၎င်းတို့၏ မဟာမိတ်များ သစ္စာဖောက် မိုနာဖေက်များ သိအောင် ပြတ်သားစွာ ထိထိမိမိ  အောက်ပါ အတိုင်း ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် တော်လှန်ရေး ၄၄ နှစ်မှာ စစ်ပွဲအသစ်နဲ့ ရင်ဆိုင်နေရပါတယ်။ ရန်သူတွေက ပြည်သူများ ကို လမ်းတွေပေါ်ဆွဲတင်ဖို့ ကြိုးစားပေမယ့် မတတ်နိုင်သလို ဒီနောက်ဆုံးရက်တွေမှာတောင် လမ်းပေါ်ထွက်ပြီး ဆူပူအောင်လုပ်ဖို့ မေတ္တာ ရပ်ခံခဲ့တာတောင် မတတ်နိုင်ကြကြောင်း ပြောကြားခဲ့ပါတယ်။

ယခုနှစ်တွင် အမေရိကန်သည် ၎င်း၏ စစ်ရေးအသုံးစရိတ်တွင် ဒေါ်လာ ၈၅၅ ဘီလီယံရှိပြီး နိုင်ငံခြားအခြေစိုက် အခြေစိုက်စခန်း ၇၅၅ ခုတွင် တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ အသုံးစရိတ်များကို ပေးဆောင်ထားပါတယ် ။ ရလဒ်တွေက ဘာကြောင့် ပြောင်းပြန်ဖြစ်တာလဲ။ ရလဒ်တွေက သူတို့ကို အရှက်ရစေတယ်လို့ အမေရိကန်တွေ ကိုယ်တိုင် ဝန်ခံထားပါတယ်။

အဗ်နာ သတင်းထောက် တစ်ဦး ၏ တင်ပြချက်အရ အမေရိကန် နှင့် အစ္စရေး တို့သည် မိမိတို့ အကျေိုးအမြတ် အတွက်သာ အလုပ်လုပ်ကြသူများ ဖြစ်ကြပါတယ်။ အီရန် နိုင်ငံ မှ ရေနံ များ ၊ ဂက်စ်များကို အပိုင်စီးလိုသည့် အတွက်  နှင့် ဗိုလ်ကျ၍ မရမည် ဆိုသည့် အတွက် အီရန် ကိစ္စ  တွင် အမြဲ ဝင်ရောက် ရှုပ်ပြီး သစ္ဧာဖောက်များ ကို ငွေအမျေားအပြား ပေး၍ အီရန် နိုင်ငံအတွင်း မြငိမ်သက်အောင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ  အစိုးရ ပြုတ်ကျအောင် မအောင် မြင်သည့် ကြိုးပမ်းမှု ကို ပြုနေပါတယ်။

ပြည်သူ အများ မထောက်ခံသည့် မြန်မာ စစ်အစိုးရတောင် ပြုတ်ကျအောင် မလုပ်နိုင်သည့် အမေရိကန် နှင့် အပေါင်းအပါများသည် ပြည်သူအများအပြား ထောက်ခံထားပြီး မြန်မာ စစ်အစိုးရထက်အဆပေါင်း များစွာ အားကောင်း သည့် အီရန် အစ္စလာမ်မစ် အစိုးရကို ပြုတ်ချမည်ဆိုလျင် ရယ်စရာဖြစ်နေပေမည်။

****************************************************************

END / 251