အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်)
သတင်းဌာန ၊ အဗ်နာ
ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် နဲဟ်ဂျိုလ်ဖဆွာဟဟ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول الله صلى الله عليه و آله وسلم:
اِذا رَاَيْتَ مِنْ اَخيكَ ثَلاثَ خِصالٍ، فَارْجُهُ: اَلْحَياءُ وَ الاَمانَةُ وَ الصِّدْقُ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
“အကြင်ညီနောင် (သာသနာ့) တွင် ဤ အရည်အချင်း ၊ အရည် အသွေး သုံးခု အရှက် တရား ၊ အလွဲသုံးစား မပြုခြင်း နှင့်စစ်မှန် ခြင်း ရှိမည်ဆိုလျှင် ၎င်း အပေါ် ယုံကြည်ပါ။ ”
ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဖဆွာဟဟ် ကျမ်း ၊ ဟဒီးစ်တော် ၂၀၅
မှတ်ချက် - အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး ကျနော် တို့ သည် မည်သူကို ယုံကြည် ရမည် ဆိုတာကို ထင်ရှား စွာသိနိုင်ပါတယ်။ ယနေ့ ကျနော်တို့ ပတ်ဝန်းကျင် တွင် အရှက်မရှိ ဆဲရေ တိုင်ထွာသူ ၊ ငွေရေး စကားရေး တွင် အလွဲသုံးစား လုပ်သူ ၊ သာသည့် ဘက်ကူးသူ မစစ်မှန်သူကိုသာ ယုံကြည် နေကြခြင်း ဖြစ်ပါတယ်။
****************************************************************
END / 251