၂၇ ဇွန် ၂၀၂၃ - ၁၉:၂၀
အီရန်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ကာတာ ပြောကြား

အီရန်သမ္မတ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် ရအီစီ နှင့် တယ်လီဖုန်းပြောဆိုမှုတွင် ကာတာနိုင်ငံမှ အမီးရ် မှ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ပူးတွဲကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ  အီရန်သမ္မတ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ မှ  ကာတာ အမီးရ် ရှိက်ခ် သမီးမ် ဘင်န် ဟမ်ဒ်အစာနီ  နှင့် ဖုန်းဖြင့် စကားပြောဆိုခဲ့ပြီး သမ္မတ ရအီစီ က အီရန် နှင့် ကာတာတို့သည် မိမိတို့၏ နီးစပ် သော အမြင်များကြောင့် နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန် အလားအလာကောင်းများရှိ ကြောင်း ပြောကြားခဲ့ပါတယ် ။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံသည် ကာတာနိုင်ငံနှင့် ဆက်ဆံရေးအဆင့်မြှင့်တင်ရန်နှင့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးချဲ့ရန် အမြဲတမ်း အလေး ပေးထားပြီး နှစ်နိုင်ငံဆက်ဆံရေးကို ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို အတတ်နိုင်ဆုံး အားကောင်းစေမည့် နည်းလမ်းအဖြစ် သတ်မှတ်ပါတယ်။

တစ်ချိန်တည်းတွင် ကာတာနိုင်ငံ၏ အမီးရ် ရှိက်ခ် သမီးမ် ဘင်န် ဟမ်ဒ်အစာနီ မှ နှစ်နိုင်ငံကြား ဆက်ဆံ ရေးတိုး တက်မှု အတွက် ဆွေးနွေး ညှိနှိုင်းမှုများကို ထည့်သွင်းစဉ်းစားပြီး မဝေးတော့သောအနာဂတ်တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ ပါတယ်။

****************************************************************

END / 251