၂၄ စက်တင်ဘာ ၂၀၂၃ - ၀၇:၅၅
သိမ်ဇရပ်၊ ရေးနှင့် ကျုံဒိုးတွင် စစ်သားများတိုက်ခိုက်ခံရပြီး အနည်းဆုံး ၇ ဦးသေ

မွန်ပြည်နယ်၊ သိမ်ဇရပ်နဲ့ ရေးမြို့နယ်၊ ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်တို့မှာ စက်တင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ အနည်းဆုံး ၇ ယောက် သေဆုံးခဲ့ပြီး ပြည်သူ ၁ ယောက်လည်း သေဆုံးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မွန်ပြည်နယ်၊ သိမ်ဇရပ်နဲ့ ရေးမြို့နယ်၊ ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်တို့မှာ စက်တင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ အနည်းဆုံး ၇ ယောက် သေဆုံးခဲ့ပြီး ပြည်သူ ၁ ယောက်လည်း သေဆုံးခဲ့ပါတယ်။

မွန်ပြည်နယ် သိမ်ဇရပ်မြို့အထွက် သုဿန်မီးခိုးခေါင်းတိုင်နားမှာ ကင်းစောင့်နေတဲ့ ခမရ ၂၀၇ တပ်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ စနိုက်ပါနဲ့ပစ်ခတ်ခဲ့ပြီး တပ်ကြပ်ကြီးအောင်သိန်း ဆီးခုံထိမှန်ဒဏ်ရာရ သေဆုံးသွား ခဲ့တယ်လို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဒီလိုပစ်ခတ်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး ၅ လုံး ပစ်ခတ် ခဲ့တာကြောင့် နွားတကောင်ထိမှန်သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ တပ်ကြပ်ကြီးအလောင်းကို ညနေ ၄ နာရီခွဲလောက်မှာ အဖြူရောင် ကားတစီးနဲ့ ခမရ ၂၀၇ တပ်ထဲကို သယ်ဆောင်သွားခဲ့တယ်လို့လည်း တော်လှန်ရေးတပ်က ဆိုပါတယ်

ရေးမြို့နယ်မြောက်ပိုင်း စစ်ကောင်စီ ခလရ ၁၀၆ တပ်ရင်း အနောက်ဘက်မှာလည်း စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီခွဲလောက်က ကင်းလှည့်လာတဲ့ အမှတ် ၅၈၈ တပ်ရင်းက ကားကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ၅၈၈ တပ်ရင်းက ၂ ယောက်သေဆုံးပြီး ၁ ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ဆိုပါတယ်။

ရေးမြို့နယ်ထဲမှာ စစ်လေယာဉ်တွေ ညတိုင်းပျံဝဲလေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာထဲကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၃ ရက်နေ့ မနက်က လက်နက်ကြီးပစ် ဝင်ရောက်သွားတာကြောင့် ဒေသခံ ၁ ယောက် ထိခိုက်သေဆုံးခဲ့သလို စစ်ကောင်စီတပ်လည်း တိုက်ခိုက်ခံလိုက်ရလို့ ၄ ယောက် ထက်မနည်း သေဆုံးနိုင်တယ်လို့ KNLA PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တောင်ကြာအင်း စာသင်ကျောင်းအနီး လက်ဖက်ရည်ဆိုင်ရှေ့မှာ ရွာသားတယောက်ကို စစ်ကောင်စီက ပစ်သတ်သွားခဲ့တယ်လို့ KNLA PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ကိုစိန်သောင်း လက်ဖက်ရည်ဆိုင်ရှေ့မှာ ရွာသားတယောက် ပစ်သတ်ခံထားရတာ အခုထိ အလောင်းမကောက်ရသေးဘူး” လို့ ပြောပါတယ်။

တောင်ကြာအင်းဘက်က စစ်ကောင်စီတပ်က လက်နက်ကြီး တရပ်စပ် ပစ်ခတ်နေသလို KNLA PDF နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

****************************************************************
END / 251