၁၂ အောက်တိုဘာ ၂၀၂၆ - ၁၃:၂၁
ဟော်မုဇ်ရေလက်ကြားတွင် ဒုတိယမြောက် စူပါတင်သင်္ဘောတစ်စင်း ပင်လယ်မိုင်းနှင့် တိုက်မိခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ပြောကြား

အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (အိုင်အာရ်ဂျီစီ) ၏ ရေတပ် ပြည်သူ့ဆက်ဆံရေးဌာနက တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဟော်မုဇ်ရေလက်ကြား၏ တောင်ပိုင်း၌ စူပါတင်သင်္ဘောတစ်စင်းသည် ပင်လယ်မိုင်းတစ်လုံးနှင့် တိုက်မိခဲ့ပြီးနောက် အင်ဂျင်ခန်းအတွင်း ပေါက်ကွဲမှုဖြစ်ကာ မီးလောင်ကျွမ်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ရေတပ်က အဆိုပါ ရေနံစိမ်းတင်ဆောင်လာသည့် စူပါတင်သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါသင်္ဘောသည် ၎င်း၏ ရေကြောင်းလမ်းညွှန်စနစ်အားလုံးကို ပိတ်ထားခဲ့ပြီး ရေလက်ကြားကို ဖြတ်သန်းသွားလာရာတွင် လိုက်နာရမည့် သတ်မှတ်စည်းမျဉ်းများကို ချိုးဖောက်ကာ ခွင့်ပြုချက်မရှိသော လမ်းကြောင်းကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကြေညာချက်အရ ယမန်နေ့မှစ၍ ယခုအချိန်အထိ ဟော်မုဇ်ရေလက်ကြားအတွင်း သတ်မှတ်စည်းမျဉ်းများကို ချိုးဖောက်ကာ ခွင့်ပြုချက်မရှိသော လမ်းကြောင်းကို အသုံးပြုခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရသည့် ရေနံတင်သင်္ဘော စုစုပေါင်း သုံးစင်းရှိပြီဖြစ်ပါတယ်။ အဆိုပါသင်္ဘောများသည် ပင်လယ်မိုင်းများနှင့် တိုက်မိပြီးနောက် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ရေတပ်က ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းလမ်းညွှန်စနစ်နှင့် သင်္ဘောအထောက်အထားဖော်ထုတ်ရေးစနစ်များကို ပိတ်ထားသည့် သင်္ဘောအားလုံးကို ရန်သူအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ၎င်းတို့အပေါ် ပြင်းထန်ပြတ်သားသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု သတိပေးထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha