အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher News Agency ၏ သတင်း အစီရင်ခံစာအရ အာဖဂန်နစ္စတန်ရှိ တာလီဘန်များကြားဖြတ်အစိုးရ၏ နိုင်ငံခြားရေးဌာန လက်ထောက်ဖြစ်သူ ရှီးရ်အဘာစ် စသာန်ကဇအီ မှ အာဖဂန်နစ္စတန်လေပိုင်နက် အတွင်း အမေရိကန်ဒရုန်းများ ကင်းလှည့်ခြင်း သည် မိမိ နိုင်ငံ၏ လေပိုင်နက်ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်း ဖြစ်သည် ဟု ပြောကြားခဲ့ပါတယ်။
Ariana News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ရှီးရ်အဘာစ် စသာန်ကဇအီ မှ အာဖဂန်နစ္စတန်လေပိုင်နက်တွင် အမေရိကန်ဒရုန်းများ ဆက်တိုက် ကင်းလှည့်နေခြင်းသည် မိမိနိုင်ငံ၏ လေပိုင်နက်ကို ရှင်းရှင်းလင်းလင်း ချိုးဖောက် ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန် မှ အမေရိကန် အကြမ်းဖက်တပ်ဖွဲ့များ ရှက်ဖွယ် ကောင်းသည့် ဆုတ်ခွာမှု ပြု သွားပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဖဂန်နစ္စတန် နိုင်ငံ၏လေကြောင်း ထောက်လှမ်းမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဘီဘီစီ သတင်းတွင် ဖော်ပြထားပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ဤ စစ်ဆင်မှု ကို "Operation Over the Horizon" အမည်ပေးထား ကြောင်း သိရှိရပါတယ်။
အမေရိကန်သမ္မတက အဆိုပါကိစ္စကို အကြမ်းဖက်အဖွဲ့များအား အရေးယူရန် ဆိုသည့် အကြောင်းပြချက်ကို ပြနေခြင်း ဖြစ်ပါတယ်။
****************************************************************
END / 251