၂၆ အောက်တိုဘာ ၂၀၂၃ - ၂၀:၁၇
ဝမ်းနည်းခြင်းမှ လွတ်မြောက်ရာလမ်း

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဝမ်းနည်းခြင်းမှ လွတ်မြောက် ရာလမ်းကို မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဝစာအေလွရှ်ရှီအဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الصادق علیہ السلام:

ما يَمنَعُ اَحَدَكُم اِذا دَخَل عَلَيهِ غَمٌّ مِن غُمُومِ الدُّنيا اَن يَتَوَضَّاَ ثُمَّ يَدخُلَ مَسجِدَهُ وَ يَركَعَ رَكعَتَينِ فَيَدعُوَ اللّه فيهِما؟ اَما سَمِعتَ اللّه يَقُولُ: «و َاستَعينوا بِالصَّبرِ وَ الصَّلاةِ»؟۔

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

“ အသင်တို့ အတွင်းမှ တစ်ဦးတစ်ယောက်အပေါ် လောကီ ဝမ်းနည်း စရာသို့မဟုတ် အခက်အခဲ နှင့် ရင်ဆိုင်ရသည့် အခါ အသင်တို့အနေ ဖြင့် ဝဇူပြုရန် စဂျ်ဒဟ် ပြုသည့်နေရာ (နမာဇ်ဖတ်သည့်နေရာ ) သို့သွားပြီး ၂ရကတ် နမာဇ် ဝတ်ပြုရန် နှင့် ဒိုအာ ပြုရန် မည်သည့် အရာ သည် ဟန့်တားနေပါသနည်း? အသင်တို့ အနေဖြင့်  "و َاستَعينوا بِالصَّبرِ وَ الصَّلاةِ"သည်းခံခြင်း ပြီးနောက် နမာဇ် ဝတ်ပြုခြင်းဖြင့် အကူအညီ ယူရန် အလ္လာဟ် ဟို အရှင်မြတ် မိန့်တော်မူ ထားသည်ကို မကြားဖူး ပါသနည်း?   

ကျမ်းကိုး ။ ။ အလ် ဝစာအေလွရှ်ရှီအဟ် ကျမ်း ၊ အတွဲ၈ ၊ စာမျက်နှာ ၁၃၈

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည်ဝမ်းနည်းခြင်းမှ လွတ်မြောက် ရာလမ်း ကို အထင်အရှား သိရှိရမှာ ဖြစ်ပါတယ်။ ပြီးနောက် အေမာမ် (အ.စ) မိန့်ကြားတော် မူထားသည့် အတိုင်း  လိုက်နာ ကျင့်သုံး ရမည် ဖြစ်ပါတယ်။ ဆိုလိုသည်မှာ မိမိတွေ့ကြုံနေရသည့် အခက်အခဲ ၊ ဒုက္ခ မှ လွတ်မြောက်ရန် နီယသ် ဖြစ် ဝဇူသေချာပြုပြီး ၂ရကတ် နမာဇ်ဇေ ဟာဂျသ် ဝတ်ပြုရမည် ဖြစ်ပါတယ်။ ပြီးနောက် အလ္လာဟ် ထံ ဒိုအာ တောင်း ခံရမည် ဖြစ်ပါတယ်။

****************************************************************

END / 251