အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဗ်နာသတင်း အထောက်အထားများ အရ ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်ရေးသမားများသည် ဂါဇာ ကမ်းမြှောင်မြောက်ပိုင်း ရှိ ဂျဘာလီယဟ် ဒုက္ခသည်စခန်းအား ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် နောက်ထပ်ရာ ဇ၀တ်မှု အသစ် တစ်ခုကို ကျူးလွန်ခဲ့ပါတယ်။
အစီရင်ခံစာအရ အစ္စရေးစစ်တပ်သည် ဂျဘာလီယဟ် ဒုက္ခသည်စခန်း ရှိ လူနေအိမ်ရပ်ကွက်ရှိ အိမ် ၁၂ လုံးကို လုံးလုံးလျားလျား ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။
ပါလက်စတိုင်း သတင်းရင်းမြစ်များအရ အဆိုပါ ရာဇ၀တ်မှုအတွင်း လူနေအိမ် ၁၂ လုံး ပျက်စီးခဲ့ပြီး ယခုအချိန်အထိ အာဇာနည် (ရှဟီးဒ်) ၃၁ ဦး၏ ရုပ်အလောင်းများကို အပျက်အစီးများအောက်မှ ဆွဲထုတ်ခဲ့ ကြောင်း သိရပါတယ်။
အစောပိုင်းတွင် လည်း အစ္စရေး ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်ရေးသမားများက ရှိ ဂျဘာလီယဟ် ဒုက္ခသည်စခန်းကို ပြင်းထန်သော ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဂါဇာရှိ ပြည်သူများကို အဆိုးရွားဆုံး တိုက်ခိုက်မှုတစ်ခုအဖြစ် ပြုလုပ်ခဲ့ကြပါတယ်။ ဤရာဇ၀တ်မှုများကြောင့် ပါလက်စတိုင်း ၄၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဂါဇာကမ်းမြှောင်မြောက်ပိုင်းတွင် ၁၉၄၈ ခုနှစ် Nakbat ဖြစ်ရပ်ပြီးနောက် ဂျဘာလီယဟ် ဒုက္ခသည်စခန်းကို တည်ဆောက်ခဲ့ပြီး ဧရိယာ ၁.၄ စတုရန်းကီလိုမီတာရှိသော ဤစခန်းသည် သိမ်းပိုက်ထားသောမြေများနှင့် ဂါဇာနယ်စပ်အနီးတွင် တည်ရှိပါတယ်။
ဂျဘာလီယဟ် ဒုက္ခသည်စခန်း၏လူဦးရေသည် လူပေါင်း ၁၀၀၀၀၀ ကျော်ရှိသည်ဟု ခန့်မှန်းရပြီး ဤစခန်းသည် ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံးနေရာများထဲမှ တစ်ခုဟု သတ်မှတ်ခံထားရပါတယ် ။
****************************************************************
END / 251