မအာနီယိုလ်အက်ခ်ဗါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام محمد الباقر علیه السلام:
أَ تَدْرِي مَا تَفْسِيرُ حَيَّ عَلَى خَيْرِ اَلْعَمَلِ قُلْتُ لاَ قَالَ دَعَاكَ إِلَى اَلْبِرِّ أَ تَدْرِي بِرَّ مَنْ قُلْتُ لاَ قَالَ دَعَاكَ إِلَى بِرِّ فَاطِمَةَ وَ وُلْدِهَا عَلَيهِمُ السَّلاَمُ.
အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
“ ရာဝီ အား အေမာမ် (မိုဟမ္မဒ် ဘာကဲရ် (အ.စ) ) မှ မေးမြန်းလေ၏။ သင်အနေဖြင့် ဟိုင်ယာအလာခိုင်းရေလ် အမလ် ၏ သဖ်စီးရ် သိပါသလား ? ရာဝီမှာ အဖြေပေး လျှောက်ထားလေ၏။ ကျနော် မသိပါ။ အေမာမ် (အ.စ) မှ (ဆက်၍) အေမာမ် (အ.စ) မှမိန့်တော်မူလေ၏။ (ဟိုင်ယာအလာခိုင်းရေလ် အမလ် ၏ သဖ်စီးရ်) မှာ ဟဇရသ် ဖွာတွေမဟ် (စ.အ) သခင်မ နှင့် သခင်မ၏ သားသမီးများအပေါ် ကောင်းမှု ပြုရန် ဖိတ်ခေါ် ခြင်း ဖြစ်ပါသည် ။ “
ကျမ်းကိုး ။ ။ မအာနီယိုလ်အက်ခ်ဗါရ် ကျမ်း ၊ စာမျက်နှာ ၄၂
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ဟဇရသ် ဖွာတွေမဟ် (စ.အ) သခင်မ နှင့် သခင်မ၏ သားသမီးများအပေါ် ကောင်းမှု ပြုရန် အရေးကြီးကြောင်း သိရှိရပါတယ်။ ဟဇရသ် ဖွာတွေမဟ် (စ.အ) သခင်မ နှင့် သခင်မ၏ သားသမီးများ၏ မွေးနေ့ တွင် မွေးနေ့ အခမ်းအနား ပြုပေးခြင်း ရှဟာဒသ် နေ့များ တွင် မဂျ်လစ်များ ပြုလုပ်ပေးခြင်း သည်လည်း ဟဇရသ် ဖွာတွေမဟ် (စ.အ) သခင်မ နှင့် သခင်မ၏ သားသမီးများအပေါ် ကောင်းမှု ပြုခြင်းများ မှ တစ်ခု ဖြစ်ပါတယ်။
****************************************************************
END / 251