၁၅ ဇန်နဝါရီ ၂၀၂၄ - ၁၆:၅၄
« ဂါဇာကမ်းမြောင် သတင်းထောက် အာဇာနည်များ   » အထူးပိုစတာတစ်ခု ထုတ်ဖော်ပြသ + ဓာတ်ပုံ

အီရန်နိုင်ငံ တီဟီရန် မြို့ တွင် « ဂါဇာကမ်းမြောင် သတင်းထောက် အာဇာနည်များ » ဂုဏ်ပြု အထိမ်းအမှတ် အစည်းအဝေး ကို ကျင်းပခဲ့ပါတယ်။ ဤအစည်းအဝေး တွင် ဂါဇာကမ်းမြောင်ဒေသခံ သတင်းထောက် ၁၁၅ ဦးထက်မနည်း အာဇာနည်နေ့ အထိမ်းအမှတ် အထူးပိုစတာကို ထုတ်ဖော်ပြသ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ)   နှင့်  အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ တို့၏ ကြိုးပမ်း အားထုတ်မှုဖြင့် « ဂါဇာကမ်းမြောင် သတင်းထောက် အာဇာနည်များ   » ဂုဏ်ပြု အထိမ်းအမှတ်  အစည်းအဝေး အား  ယနေ့ ဇန်နဝါရီလ ၁၅ ရက် ခရစ် သက္ကရာဇ် ၂၀၂၄ ခုနှစ်  တနင်းလာနေ့ နေ့လည်တွင် တီဟီရန်၌ ကျင်းပခဲ့ပါတယ်။

ဤအစည်းအဝေး အား မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ ၏ တိုက်ရိုက် ဗီဒီယို မိန့်ခွန်း နှင့် အတူ ယီမင် ပြန်ကြားရေးဝန်ကြီးဆိုက်ဖိုလ္လာဟ် အလ်ရှာမီ ပြီးနောက်   ပါလက်စတိုင်း၊ ယီမင်၊ အီရတ်၊ တူရကီနှင့် အင်ဒိုနီးရှား တို့မှ အရေးကြီး ပုဂ္ဂိုလ်များ ၊အပြည်ပြည်ဆိုင်ရာ မီဒီယာ ဆိုင်ရာ တာဝန် ရှိ အကြီးအကဲများ ပါဝင်ခဲ့ကြပါတယ်။

ဒီအစည်းအဝေး အပြီးမှာတော့ ဂါဇာကမ်းမြောင်ဒေသက ကွယ်လွန်သွားတဲ့ သတင်းထောက် ၁၁၅ ဦးကို အထိမ်းအမှတ် အထူးပိုစတာတစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

****************************************************************

END / 251