၁ မေ ၂၀၂၄ - ၂၀:၀၉
နမာဇ် ဝတ်မပြုခြင်း

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ နမာဇ် ဝတ်မပြုခြင်း ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sistani.org ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ နမာဇ် ဝတ်မပြုခြင်း ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါ တယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

(၁)

မေးခွန်း

နမာဇ် ဝတ်မပြုသူများ ထံ အသွား အလာ လုပ်ပိုင် ခွင့် ရှိပါသလား ?

အဖြေ

ပြဿနာ မရှိပါ။ (သွားနိုင်ပါသည်။ ) သို့သော် ၎င်းအပေါ် အကျိုးသက်ရောက်မှုရှိနိုင် မည်ဆိုလျင်တော့ ၎င်းကို နားလည်အောင်ပြောပြရန် အရေးကြီး လိုအပ်ပါသည်။ သို့သော် အဲဟ်သေယသွ် ဝါဂျစ်ဗ် အရ  ၎င်းအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်သည့် အခြေအနေတွင် လည်း ၎င်းအား သဘောမကျကြောင်း ထုတ်ဖော်ပြ သင့်ပေ သည်။

(၂)

မေးခွန်း

နမာဇ် ဝတ်မပြုသူသည် မည်သည့် အခြေအနေတွင် ကာဖေရ် ဖြစ်သွားပါသနည်း ?ပြီးတော့ နဂျစ် ကော် ဖြစ်သွားပါသလား?

အဖြေ

နမာဇ် ကို ဝတ်မပြုခြင်းသည် ကာဖေရ်  မဖြစ်သွားချေ။ သို့သော် နမာဇ် ဝတ်မပြုခြင်းသည် ဂိုနာဟ် ဟေ ကဘီးရဟ် (ကြီးမားလေးလံသည့် အပြစ် ) ကို ကျူးလွန်ခဲ့သူ ဖြစ်ပါသည်။

(၃)

မေးခွန်း

နမာဇ်  ဝတ်မပြုသူ ၏ အိမ်တွင် ထမင်းစား ခြင်း နမာဇန ်ဝတ်ပြုခြင်းသည် ပိုင်ပါသလား?

အဖြေ

ပြဿနာ မရှိပါ ။  (ပိုင်ပါသည်။ )  

(၄)

မေးခွန်း

ကျနော် အိမ်ထောင် ပြုဖို့ သူတစ်ယောက် ကိုရွေးချယ်ထားပါတယ်။ မွတ်စလင်မ်တော့ ဖြစ်ပါတယ်၊ ဒါပေမဲ့ နမာဇ် ဝတ်မပြုသူ ဖြစ်ပါတယ်။ ရှရီအီ တရားတော် အရသူနှင့် လက်ထပ်ဖို့ အဟန့်အတား ရှိပါသလား ?

အဖြေ

အကယ်၍ သွေဖည်ခြင်း နှင့် လွဲမှားခြင်း ဖြစ်နိုင်ကြောင်း စိုးရိမ်ရပါက ၎င်း နှင့် လက်ထပ်ခွင့်မရှိချေ။

အကြံပြုချက် -  အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ပြီး နမာဇ် ၏ အရေးကြီးမှု ကို သိနိုင်ပါတယ်။ သို့သော် အများစု သည် နမာဇ် ကို ပေါ့ပေါ့ဆဆ ပြုနေကြပါတယ်။ နမာဇ် ကို  နေ့စဥ် လိုလို သို့မဟုတ်တစ်လ တွင် ရက် ၂၀ လောက် သူအချိန် နဲ့သူ  ဝတ်မပြုဘဲ မဂ်ရိဗ် နမာဇ် ဝတ်ပြုချိန် အေရှာနမာဇ် ဝတ်ပြုပြီး မှ ကဇွာ ဝတ်ပြုခြင်းသည်လည်း နမာဇ် အား မလေးမစား ပြုခြင်း ပေါ့ပေါ့ တန်တန် ထားခြင်း ဖြစ်ပါတယ်။ အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ,စ) ၏ ဟဒီးစ်တော် အရ နမာဇ် ကို ပေါ့ပေါ့ တန်တန် သဘောထားသူများ သည် အဲဟ်လေ့ဘိုက် (အ.စ) ၏ ရှဖာအသ် ကို ရမည် သူများ မဟုတ်ကြောင်း မှတ်သား ဂရု ပြုသင့်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

-------------------------------------------------

END / 251