အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အူစူလေကာဖီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام موسى الكاظم (عليه السلام):
لیسَ مِنّا مَن لَم یُحاسِبْ نَفسَهُ فی کُلِّ یَومٍ فَإنْ عَمِلَ حَسَناً استَزادَ اللهَ و إنْ عَمِلَ سیّئاً اسْتَغفَرَ اللهَ مِنهُ و تابَ اِلَیهِ
.
အေမာမ် မူစာကာဇင်းမ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
«အကြင်မည်သူမဆို နေ့စဥ်နေ့တိုင်း မိမိ ကိုယ် စိစစ်မှု စာရင်း ပြုမှု မလုပ်လျင် ကျွန်ုပ်တို့ မှ မဟုတ်ချေ။ သိုဖြစ်၍ အကယ်၍ ကောင်မူကုသိုလ် ပြုခဲ့သည်ဆို လျင် ထိုကောင်းမူ ကုသိုလ် ပိုမို များပြားစွာ ပြု လုပ် နိုင်ရင် အလ္လာဟ် ဟို အရှင်မြတ်ထံ တောင်းဆိုရမည် ဖြစ်ပါတယ်။ အကယ်၍ အကုသိုလ် ပြုလုပ်ထား သည် ဆိုလျင် အလ္လာဟ် ထံ (မိမိကိုယ်) ခွင့်လွတ်ပလပ်ရန် တောင်း ဆိုရမည်ဖြစ်ပါသည်။ ပြီးနောက် အလ္လာဟ် ထံ (စစ်မှန်သည့် ) သောင်ဗဟ် ပြုရမည် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ အူစူလေကာဖီ ကျမ်း ၊ အတွဲ ၄ ၊ စာမျက်နှာ ၁၉၁
ရှင်းလင်းချက်အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် နေ့စဥ် နေ့တိုင်း အိပ်ရာ မဝင်ခင် မိမိကိုယ်ကို စိစစ်ပြီး အေမာမ် မူစာ ကာဇင်းမ် (အ.စ) ၏ ဟဒီးစ်တော် အတိုင်း ကျင့် သုံး နိုင်အောင် ကြိုးပမ်း ရမည် ဖြစ်ပါတယ်။
****************************************************************
END / 251