၁၈ မေ ၂၀၂၄ - ၂၀:၂၆
ရဖ်ဟ် ကို အစ္စရေးက တိုက်ခိုက်ခြင်းသည် အမေရိကန် ၏ အစီအစဉ်တစ်ခုဖြစ်ကြောင်း ယီမင် နိုင်ငံ အန်ဆွ ရိုလ္လာဟ် ခေါင်းဆောင် မှ ပြောကြား

ယီမင် နိုင်ငံ အန်ဆွရိုလ္လာဟ် ခေါင်းဆောင် ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ အနေဖြင့် အစ္စရေးမှ ရဖ်ဟ် အား တိုက်ခိုက် မှု ပြုခြင်း ဟာ အမေရိကန် ၏ အစီအစဉ်တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာ သတင်း ဌာန ၏ သတင်း အထောက်အထားများ အရ ယီမင် နိုင်ငံ အန်ဆွရိုလ္လာဟ် ခေါင်းဆောင်  ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ အနေဖြင့် ယနေ့ မိမိ ရုပ်မြင်သံကြား တွင် မိန့်ခွန်း ပြောကြားခဲ့ကြောင်း မိန့်ခွန်း ပြောကြားသည်မှာ ရဖ်ဟ်ကို တိုက်ခိုက်ရန် အမေရိကန်က စီစဉ်ခဲ့ပြီး ပါလက်စတိုင်းနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှုတွင် အမေရိကန်တို့က ပါဝင်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းအနေဖြင့်ဆက်လက်ပြီး လက်နက်နယ်ပယ်တွင် အမေရိကန်များသည် အားကောင်းပြီး မြို့များကို ဖျက်ဆီးသည့် ဗုံးများပြုလုပ်ရန် စိတ်ဝင်စားကြကြောင်း ၊ ဤစိတ်ဝင်စားမှု သည် အမေရိကန် တို့၏ ရာဇ၀တ်မှု နှင့် ရန်လိုသည့်သဘောကို ပြသနေကြောင်း ပြောကြားခဲ့ပါတယ်။

ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ အနေဖြင့် အစကတည်းက အမေရိကန်တွေဟာ မြို့တွေကို လုံးလုံး ဖျက်ဆီးနိုင်ပြီး လူတွေကို အုပ်စုလိုက် သတ်နိုင်တဲ့ နည်းလမ်းနဲ့ သူတို့ရဲ့ လက်နက်တွေကို တည်ဆောက် ခဲ့ကြောင်း ဇီယွန်အစိုးရနှင့် ကုန်သွယ်ရေးကုမ္ပဏီများ သို့မဟုတ် အစ္စရေးသင်္ဘောများ သို့မဟုတ် သင်္ဘောများ သိမ်းပိုက်ထားသော နယ်မြေများအတွက် ယီမင်စစ်တပ်၏ စစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင်နေမည် ဖြစ် ကြောင်း ယခုသီတင်းပတ်တွင် ပဲ့ထိန်းဒုံးကျည် ၁၃ စင်းနှင့် ဒရုန်းများဖြင့် စစ်ဆင်ရေး ၇ ခု ပြုလုပ်ခဲ့ကြောင်း ဤစစ်ဆင်ရေးကို ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာတို့တွင် လုပ်ဆောင်ခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251