Sahar News သတင်း အထောက်အထားများ အရ ဆော်ဒီအာရေးဗီးယားသည် ၁၂ နှစ်အကြာတွင် ဆီးရီးယား နိုင်ငံ တွင် မိမိ နိုင်ငံ ဆိုင်ရာ သံအမတ် သစ် အဖြစ် ဇိုင်ဆဲလ် အလ်မွတ်ဂျ်ဖလ် အား ( Faisal al-Mujafal ) အား ခန့် အပ်လိုက် ကြောင်း သိရှိရပါတယ်။
ဇိုင်ဆဲလ် အလ်မွတ်ဂျ်ဖလ် အနေဖြင့် ဆော်ဒီ ဘုရင် စလ်မန်ဘင်န် အဗ်ဒိုလအဇီးဇ် အာလေ စအူဒ် နှင့် အိမ်ရှေ့ မင်းသား မိုဟမ္မဒ် ဘင်န် စလ်မန်ဘင်န် အဗ်ဒိုလအဇီးဇ် အာလေ စအူဒ် တို့အား ဆီးရီးယားနိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်အဖြစ် မိမိ အား ခန့်အပ်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဆော်ဒီအာရေဗျသည် ဆီးရီးယားဆန့်ကျင်ရေးစစ်ပွဲ စတင်ပြီးနောက် နှစ်နိုင်ငံကြား ဆယ်စု နှစ်ကြာ ဆက်ဆံရေး ဖြတ်တောက်ပြီးနောက် ဒမတ်စကတ်တွင် ပထမဆုံး ခန့်အပ်သည့် သံတမန်လည်း ဖြစ်ပါတယ်။ ဆီးရီးယားနှင့် ဆော်ဒီအာရေးဗီးယားတို့ကြား သံတမန်ဆက်ဆံရေးအရ နှစ်နိုင်ငံသံရုံးများ ပြန်လည်ဖွင့်လှစ်ရန် သဘော တူညီခဲ့ ကြပါတယ်။
.......................................................
END / 251