၁၂ ဇွန် ၂၀၂၄ - ၂၀:၂၁
  အနန္တတန်ခိုးရှင် အလ္လာဟ်ဟို အရှင်မြတ် ၏တည် ရှိမှု ဆိုသည်မှာ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ်မကာရေမိုရှီးရာဇီး ရေးသားထားသည့် « အဲဟ်သေကာဒ် မါ » စာအုပ် မှ အနန္တတန်ခိုးရှင် အလ္လာဟ်ဟို အရှင်မြတ် ၏တည် ရှိမှု ဆိုသည်မှာ အကြောင်း ကို စာဖတ်သူ အဗ်နာ ပရိတ်သတ် အတွက် တင်ပြ လိုက်ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ   

ကျွန်ုပ်တို့ သက်ဝင်ယုံကြည်သည်မှာ - အလ္လာဟ်ဟို အရှင်မြတ် သခင် သည် အနန္တ စကြဝဠာအပေါင်းကို ဖန်ဆင်းတော် မူသည့် အရှင်ဖြစ်ပါသည်။ အရှင်မြတ် ၏ ကြီးကျယ်မြင့်မြတ်မှု ၊ဉာဏ်ပညာ၊ ဘုန်းတန်ခိုး အင်အား  အစွမ်းသတ္တိများသည် အနန္တ စကြဝဠာ အတွင်းရှိအဖန်ဆင်းခံအားလုံး တွင် ထင်ရှားပြတ်သားစွာ ရှုစားနိုင်ပါတယ်။ ကျွန်ုပ်တို့၏ အတွင်းပိုင်း (နာမ်ပိုင်း) ၊ သက်ရှိ သတ္တဝါတို့၏ လောက၊ ဆေးဖက်ဝင် သစ်ပင်ပန်းအာန် တို့၏ ကမ္ဘာ၊ ကောင်းကင်ပြင်ရှိ ကြယ်တာရာများ ၊ အထက် စကြဝဠာ နှင့် နေရာ အားလုံးတွင် ထင်ရှား ပြတ်သားစွာ ရှိနေပါတယ်။

ကျွန်ုပ်တို့ သက်ဝင်ယုံကြည်သည်မှာ - ဤ အနန္တ စကြဝဠာ အတွင်းရှိ ဖန်ဆင်းခံ အရာအားလုံး၏ လှိူ့ဝှက်ချက်များကို တွေးခေါ် စဥ်းစားသုံးသပ်လေလေ မြတ်အလ္လာဟ် ၏ ဇာတိတော် ၏ ကြီးကျယ် မြင့်မြတ် သန့်ရှင်း စင်ကြယ်မှု ၊ ပညာတော် နှင့် ဘုန်းတန်ခိုးအင်အား ၏ ကျယ်ပြန့် နက်နဲမှုကို ပို၍ သိကျွမ်း မှုရလေလေဖြစ်ပါတယ်။

နေ့စဥ်နှင့်အမျှ မနုဿ လူသား၏ အသိဉာဏ်ပညာ သည်လည်း တိုးတက်ဖွံ့ဖြိုးလာရာ အလ္လာဟ်ဟို အရှင်မြတ် သခင်၏ အေလ်မ်(ခ) ပညာ နှင့် ဟေက်မသ်(ခ) တွေးခေါ်မှု ဒဿန တို့ကိုလည်း  နားလည် သဘော ပေါက်လာရန် တံခါးအသစ်များ ဖွင့်လာပေသည်။ ကျွန်ုပ်တို့၏ တွေးခေါ် မြော်မြင် မှု ကို ရှုထောင့် အသီးသီးကနေ တိုးတက် ဖွံ့ဖြိုးစေပါသည်။ ဤအတွေးအခေါ် များသည် အလ္လာဟ် စို အရှင်မြတ် သခင်အား ချစ်ခင် မြတ်နိုး စေရန် အတွက် အရင်းအမြစ် ကိုဖြစ်ပေါ် လာစေပါလိမ့်မည်။

ကျွန်ုပ်တို့အား အချိန်တိုင်း ထိုအရှင်မြတ်သည် ဇာတိတော် နှင့် နီးစပ်လာရန် ၊ နီးကပ်သည်ထက် နီးကပ်လာစေပါသည်။ ၎င်းအပြင် ထို အရှင်မြတ် ၏ နူးရ်ရေဂျလားလ် (ခ) ဘုန်းတန်ခိုးရောင်ခြည် နှင့် နူးရ်ရေ ဂျမားလ် (ခ) လှပ ကျက်သရေရှိသည့် ရောင်ခြည် များကို ခံစားရမည် ဖြစ်ပါတယ်၊

ကျမ်းတော်မြတ် ကုရ်အာန် မိန့်တော်မူပါသည်။

وَ فِى الارْضِ آيات لِلْمُوقِنين* وَ فى انْفُسِكُمْ افَلا تُبْصِرُونَ .

« ပထဝီမြေပြင်၌ အဲဟ်လေယကီးမ်  (ခ) မြတ်အလ္လာဟ် အပေါ် ချွတ်ယွင်း ချက်မဲ့ ယုံကြည်ကိုးကွယ် ဆည်းကသူများ အတွက် အထောက် အထား သက်သေ လက္ခဏာများ ရှိပေသည်။သို့ဖြစ်ပါ၍ မကြည့်မြင်၊ မရှုမြင်ကြပါသလော!  » [1]

 

အခြားအာယသ်တော် တစ်ပါး၌ ဤကဲ့သို့လာရှိပါသည်။

 انَّ فى خَلْقِ السَّموات وَ الارْضِ وَ اختِلافِ اللَّيْلِ وَ النَّهارِ لآياتٍ لُاولِى الالْبابِ* الَّذينَ يَذْكُرُونَ اللَّه قِياماً وَ قُعُوداً وَ عَلَى جُنُوبِهِمْ وَ يَتَفَكَّرُونَ فى خَلْقِ السَّمواتِ وَ الارْضِ رَبَّنا ما خَلَقْتَ هذا باطِلًا؛ مسلّماً .

« ဧကန်မုချ မိုးကောင်းကင်များနှင့် ပထဝီ မြေကြီး ကို ဖန်ဆင်းမှု၌ လည်း ကောင်း ၊ နေ့ နှင့် ည တို့ ၏ ဖြစ်ပေါ်မှု၌ လည်းကောင်း၊ အသိဉာဏ် တွေး တော ဆင်ခြင်မှု ရှိသူများ အဖို့ (ထင်ရှားပြတ်သားသည့်) လက္ခဏာ များ ရှိ ပါသည်။ ၎င်းသူများသည် အလ္လာဟ်ဟို အရှင်မြတ် အား မတ်တပ် ရပ်၍ တစ်မျိုး ထိုင်၍ တစ်နည်း၊လဲလျောင်း၍ တစ်မျိုး တမ်းတ အောက်မေ့ သတိရကြပါသည်။ပြီးနောက် မိုကောင်းကင်များ ၊ ပထဝီ မြေကြီး အား ဖန်ဆင်းထားခြင်း ၏ လှိူ့ဝှက် မှုများကို တွေးခေါ် စဥ်းစား ဆင်ခြင်ကြ သည်။ (ပြောကြား  ကြလေသည်။ ) အိုအလ္လာဟ်ဟို အရှင်မြတ် အသင် သည် အရာများ အားလုံးကို လုံးဝ အလကား၊အချည်းနှီး ဖန်ဆင်း တော်မူ မထားချေ။  » [2]

.......................................................

END / 251


[1] စူရဟ် ဇာရေယားသ် ၊အာယသ်တော်အမှတ် ၂၀ ၊၂၁

[2] စူရဟ်အာလေ့အင်န်မရာန်၊ အာယသ်တော် ၁၉၀၊၁၉၁