၁၃ ဇွန် ၂၀၂၄ - ၂၀:၂၉
အီရန် ယာယီနိုင်ငံခြားရေးဝန်ကြီး နှင့် OIC အကြီးအကဲတို့ ဂါဇာကမ်းမြောင်ဒေသ အခြေအနေများကို ဆွေးနွေး

အီရန် ယာယီနိုင်ငံခြားရေးဝန်ကြီး အလီဘာကဲရ်ရီ သည် OIC အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ဂါဇာတွင် ဇီယွန်ဝါဒီအစိုးရ၏ ရန်စမှုများကို ဆွေးနွေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းအေဂျင်စီ ၏ အဆိုအရ အဆိုအရ အီရန်ယာယီနိုင်ငံခြားရေးဝန်ကြီး အလီဘာကဲရ်ရီ ကနီ သည် OIC အထွေထွေအတွင်းရေးမှူး ဟိုစိုင်းန် အီဗရာဟီးမ် သွာဟာ အား ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး အရှေ့ အလယ်ပိုင်း ဒေသ၏ အထူးသဖြင့် ဂါဇာရှိ တောင်ပိုင်းမြို့တော် ရဖ်ဟ် (Rafah)  တွင် ဇီယွန်ဝါဒီအစိုးရ၏  လူမဆန် မှု များ နှင့် ပတ်သက်၍ ကို ဆွေးနွေးခဲ့ပါတယ်။

ရဖ်ဟ် တွင် ဇီယွန်ဝါဒီအစိုးရ၏ လူမဆန် များကို ရပ်တန့်ရန် အစ္စလာမ် နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း အီရန်ယာယီနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

ဇီယွန်ဝါဒီအစိုးရကို နိုင်ငံတကာ တရားမျှတမှု တရားရုံးတွင် တောင်အာဖရိကမှ တင်သွင်းပြီးနောက် လက်တင် အမေရိက နိုင်ငံများ လည်း ခြေလှမ်းများ လှမ်းလာခဲ့ကြောင်း ဒီအချက်ကို အစ္စလာမ် နိုင်ငံများ အနေဖြင့် အလေး အနက်ထား လုပ်ဆောင်ဖို့ အရေးကြီးကြောင်း  အလီဘာကဲရ်ရီ ကနီ  မှ ပြောကြားခဲ့ပါတယ်။

ဤအချိန်အခါ တွင် OIC အကြီးအကဲ ဟိုစိုင်းန် အီဗရာဟီးမ် သွာဟာ မှ ဇီယွန်ဝါဒီအစိုးရကို ဆန့်ကျင်သည့် လုပ်ရပ်များ လိုအပ်ကြောင်း အစ္စလာမ် နိုင်ငံများမှလည်း ဤ ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့၏ တာဝန် ဝတ္တရား များကို သိသင့် ကြောင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251