အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News ၏အဆိုအရ အီရန်နိုင်ငံရှိ ပြည်နယ်ငါးခုမှ ထောင်နှင့်ချီသောလူများသည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် ဇွန်လ ၂၅ ရက်နေ့ အင်္ဂါနေ အီးဒ်ဒေ ဂဒီးရ် နေ့ နှင့် အီရန် သမ္မတ သစ် ရွေးကောက်ပွဲများကျင်းပမည့် အခါသမယ တွင် တွေ့ဆုံ မည်ဖြစ်ပါ တယ်။
အစီရင်ခံစာအရ Gilan ဂီးလာန် ပြည်နယ်၊ကိုဟ်ဂီလိုယဟ် ၊ ဘူဟီးရ် အဲဟ်မဒ် ၊ မရ်ကဇ်ဇီ နှင့် မြောက် ခိုရာစာန် မှပြည်သူများ သည်အင်္ဂါနေ့နံနက် အီးဒ်ဒေ ဂဒီးရ် အခမ်းအနားတွင်ပါဝင်ကြမည် ဖြစ်ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မြို့တော် တီဟီရန် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) တွင် အီးဒ် ဒေ ဂဒီးရ် အခမ်းအနား အတွက် နနက် ၁၀ နာရီ တွင် မိန့်ခွန်းပြောမည်ဖြစ်ပါတယ်။
"အီးဒ်ဒေ ဂဒီးရ်" ဟုခေါ်သော အထူးအစ္စလာမ့် အီးဒ် ကို ဟီဂျရီ ပြက္ခဒိန်၏ ဆယ်နှစ်မြောက်လဖြစ်သော ဇေလ်ဟဂျ်ဂျဟ် လ မြတ် ၏ ၁၈ ရက်နေ့တွင် ကျင်းပပါမည် ဖြစ်ပါတယ်။
ဤနေ့သည် ယုံကြည်စိတ်ချရသော ဟဒီးဆ်တော်များ အရ တမန်တော်မြတ်(ဆွ)သည် ဟဇရသ် အလီ အစ်ဗ်နေအဘီသွာလစ်ဗ် (အ.စ) အား အေမာမ် နှင့် မိမိ၏ အရိုက်အရာ ကို ဆက်ခံသူ အဖြစ် အလ္လာဟ် ဟို အရှင်မြတ် အမိန့်တော် အဖြစ် ခန့်အပ်ခဲ့တော်မူသည့် နေ့ ဖြစ်ပါတယ်။
.......................................................
END / 251