၃၀ ဇွန် ၂၀၂၄ - ၂၀:၁၉
 စီးပွားရေး ပိတ်ဆို့အရေးယူမှုများသည် အီရန် နိုင်ငံ အတွက် အာနိသင် မဖြစ်တော့ပါ / နိုင်ငံတကာ မျက်နှာပြင် တွင် အီရန်၏ လွှမ်းမိုးမှုတိုးလာ

အမေရိကန်သတင်းစာ "Wall Street Journal" မှ အတည်ပြုပြောကြားခဲ့သည်မှာ - ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ဦးဆောင်မှုဖြင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် အမေရိကန်၏ ရေရှည် ဖိအားများ ကို ချေဖျက်နိုင်ခဲ့ပြီးနှစ်ပေါင်းများစွာ အထီးကျန်မှုကို ကျော်လွှားကာ အရှေ့ကိုလှည့်ကာ တရုတ်နှင့် ရုရှားတို့နှင့် ဆက်ဆံရေးကို ခိုင်မာစေခဲ့ ကြောင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကမ္ဘာ့အရေးအပါဆုံးနှင့် သြဇာကြီးမားသော စီးပွားရေး၊ နိုင်ငံရေးသတင်းစာများထဲမှ တစ်ခုဖြစ်သည့် အမေရိကန်သတင်းစာ "Wall Street Journal" မှ အီရန်နိုင်ငံ သည် အမေရိကန်နိုင်ငံ ကို နိုင်ငံတကာ ပါဝါ ဖြစ်လာစေရန် စိန်ခေါ်ခဲ့ပြီး အနောက်နိုင်ငံများ၏ ဆယ်စုနှစ်များစွာ ဖိအားပေးခဲ့သော်လည်း တီဟီရန်သည် အခုက အမေရိကန်ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်နေတယ် လို တင်ပြထားပါတယ်။

ဤအစီရင်ခံစာတွင်ဖော်ပြထားသည်မှာ အီရန်သမ္မတ သစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသူသည် ယခင်ကနှင့် နှိုင်းယှဉ်ပါက နိုင်ငံတကာမြင်ကွင်းတွင် အီရန်၏သြဇာလွှမ်းမိုးမှုကို ပြသသည့်အစ္စလာမ့် ပြည်သူ့ သမ္မတနိုင်ငံ၏ အာဏာကိုအမွေဆက်ခံလိမ့်မည် ဖြစ်ကြောင်း ဖြစ်ပါတယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် အလီ ခါမေနာအီ ၏ ဦးဆောင် မှု ဖြင့် အီရန်သည် အမေရိကန်၏ ရေရှည်ဖိအားများကို ပြေပျောက်စေပြီး အရှေ့ကိုလှည့်ပြီးနောက် နှစ်ပေါင်းများစွာ အထီးကျန်မှုကို ကျော်လွှားနိုင်ခဲ့ပြီး တရုတ်နှင့် ရုရှားနှင့် ဆက်ဆံရေး အားကောင်းလာအောင် ပြုလုပ်နိုင်ခဲ့ကြောင်း တစ်ချိန်တည်းမှာပင် ဝါရှင်တန် နှင့် ထိပ်တိုက်ရင်ဆိုင်မှုအဆင့်ကို တိုးမြှင့်ပေးနေပြီး  ဖြစ်ကြောင်း ဖြစ်ပါတယ်။

 အမေရိကန်သမ္မတဟောင်း Jimmy Carter က အီရန်ကို ချုပ်ကိုင်ဖို့ ပျက်ကွက်ခဲ့တဲ့နောက်ပိုင်း ဤ နိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ သံခင်းတမန်ခင်းရဲ့ လက်နက်ကိရိယာ မဟုတ်တော့သလို တီဟီရန်ကို အထီးကျန်ဖြစ်စေတဲ့ ပိတ်ဆို့ အရေးယူမှုများ လည်း ထိရောက်မှာမဟုတ်ဘူးလို့ Wall Street Journal က ယုံကြည်နေပါတယ်။

.......................................................

END / 251