အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်း အထောက်အထားများ အရ အာဇာနည် (ရှဟီးဒ်) သမ္မတ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟီးမ် ရအီစီ ၏ ဦးဆောင်မှုအောက်တွင် အီရန်၏ ဆယ့်သုံးကြိမ်မြောက် အစိုးရလက်ထက်တွင် အီရန်သည် နိုင်ဂျီးရီးယား နှင့် ကူဝိတ်တို့နောက်တွင် ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့၏ အဖွဲ့ဝင်များထဲတွင် စတုတ္ထအဆင့်သို့ တက်လာခဲ့ကြောင်း ဖြစ်ပါတယ်။
ဤအစီရင်ခံစာအရ ရှဟီးဒ် သမ္မတ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟီးမ် ရအီစီ ၏ တဆယ် သုံးကြိမ်မြောက် အစိုးရ၏ အစတွင် ပိတ်ဆို့ အရေးယူမှုများကြားမှ ရေနံထုတ်လုပ်မှုနှင့် တင်ပို့မှုများ စတင် ခဲ့ ကြောင်း ဖြစ်ပါတယ်။
ဤအစီရင်ခံစာအရ လက်ရှိတွင် အီရန်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် US Trump အစိုးရ၏ ၂၀၁၈ ခုနှစ်တွင် အမြင့်ဆုံးဖိအားပေးခံရပြီးကတည်းက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၅၆၆၀၀၀၀ တင်ပို့ခဲ့ပြီး ကူဝိတ်နှင့် နိုင်ဂျီးရီးယားတို့၏ ရေနံတင်ပို့မှုထက် စည်ပေါင်း ၂၅၀၀၀၀ ပိုများကာ အဆင့်နှစ်နေရာတွင် မြင့်တက်လာပြီး စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့ပါတယ်။
.......................................................
END / 251