အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိက်ခ် မိုဟမ္မဒ် ဘင်န် အဗ်ဒိုရ် ရဟ်မာန် အာလေ စာနီ ၏ တီဟီရန်ခရီးစဉ်အတွင်း တွေ့ဆုံခဲ့ပြီး လက်ရှိအခြေအနေသည် အမေရိကန်နှင့် ကျူးကျော်သိမ်းပိုက်ထားသော ဇီယွန်ဝါဒီအစိုးရ၏ စစ်ရေးကျူးကျော်တိုက်ခိုက်မှုများအပြင် အမေရိကန်၏ အဆက်မပြတ် ဝင်ရောက်စွက်ဖက်မှုနှင့် တရားမဝင်လုပ်ဆောင်မှုများ၏ တိုက်ရိုက်ရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ ဒေသတွင်းနိုင်ငံအားလုံးသည် အိမ်နီးချင်းကောင်းဖြစ်ရေး မူဝါဒများကို လိုက်နာသင့်ပြီး အမေရိကန်အနေဖြင့် မိမိတို့၏ နယ်မြေနှင့် အဆောက်အအုံများကို အီရန်အပေါ် ကျူးကျော်ရန် ပြင်ဆင်ခြင်း၊ ကျူးကျော်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် စီးပွားရေးစစ်ပွဲ ဆင်နွှဲခြင်းတို့အတွက် အသုံးပြုခွင့် မပြုသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါက်တာ ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က ဆက်လက်၍ အီရန်နိုင်ငံ ထိခိုက်ဆုံးရှုံးခဲ့ရမှုများနှင့် အီရန်အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ၊ ကျူးကျော်တိုက်ခိုက်မှုများကို လျစ်လျူရှုထားပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိရေးအကြောင်း ပြောဆို၍ မရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက အီရန်သည် မိမိ၏ အမျိုးသားအကျိုးစီးပွားနှင့် လုံခြုံရေးကို ကာကွယ်ရန်အတွက် ခိုင်မာစွာ ရပ်တည်ထားပြီး အမျိုးသားအချုပ်အခြာအာဏာနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ရရှိနိုင်သမျှ စွမ်းရည်များနှင့် အရင်းအမြစ်အားလုံးကို အသုံးချသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment