၁၃ ဇူလိုင် ၂၀၂၄ - ၁၂:၂၄
ဘဂ္ဂဒက် မြောက်ဘက်ရှိ အကြမ်းဖက် စီမံချက်ကို ပျက်ပြယ်စေခဲ့

ဘဂ္ဂဒက်မြောက်ပိုင်းဒေသများကို ပစ်မှတ်ထားတိုက်ခိုက်မည့် အကြမ်းဖက်အစီအစဉ်ကို ဖျက်စီး နိုင်ခဲ့ ကြောင်း အီရတ် ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့က ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘဂ္ဂဒက်စစ်ဆင်ရေးဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ အယ်လ်ခါဖာဂျီ မှ အကြမ်းဖက်စစ်ဆင်ရေးကို ပျက်ပြား စေကာ ဘဂ္ဂဒက် မြောက်ပိုင်းဒေသများကို ပစ်မှတ်ထားရန် စီစဉ်နေသော အကြမ်းဖက်သမားနှစ်ဦး သေဆုံးခဲ့ ကြောင်း ကြေညာ ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးဟာ အလွန်တိကျတဲ့ ထောက်လှမ်းရေးအချက်အလက်တွေအရ လုပ်ဆောင်တာဖြစ်ပြီး ရလဒ် အနေနဲ့ အကြမ်းဖက်သမား နှစ်ဦးသေဆုံးပြီး အကြမ်းဖက်သမားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘဂ္ဂဒက် စစ်ဆင် ရေးဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ  မှ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယခုနှစ်တွင် လုံခြုံရေးတပ်ဖွဲ့များသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက မတူညီသော နည်းပရိယာယ်များနှင့် ချဉ်းကပ်မှုများကို ချမှတ်ခဲ့ပြီး ထောက်လှမ်းရေး၊ လုံခြုံရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အားထုတ်မှုများ ပိုမိုပြင်းထန်လာကြောင်း အယ်လ်ခါဖာဂျီ မှ ထောက်ပြခဲ့ပါတယ်။

ယခင်နေ့တွင် အီရတ်လုံခြုံရေး သတင်းယူနစ် မှ အထူးစစ်ဆင်ရေးတစ်ခု နှင့် ဒီယာလီ  တွင် အကြမ်း ဖက်သမား နှစ်ဦးသေဆုံးကြောင်း ကြေညာခဲ့ပါတယ်။

.......................................................

END / 251