အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီး အိုင်မန်အလ်ဆဖ်ဒီ မှ အီရန် နှင့် အစ္စရေးကြား မက်ဆေ့ချ်ဖလှယ်ဖို့ တီဟီရန်ကို လာခဲ့တာမဟုတ်ဘူး ကြောင်း ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းကြောင့် အကြံဉာဏ်ပေးဖို့ ဖိတ်ခေါ်ထား၍ လာသည် ဖြစ်ကြောင်း Maher သတင်းဌာနက Al Jazeera ကို ကိုးကားပြီး တင်ပြထားပါတယ်။
ဒေသတွင်း အခြေအနေများနှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ဂျော်ဒန် ဘုရင် အဗ်ဒိုလ္လာဟ် ၂ ၏ သဝဏ်လွှာကို အီရန်သမ္မတထံ ပေးပို့ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော တင်းမာမှုများကို အဆုံးသတ်ရန်အတွက် ဇီယွန်ဝါဒီ အစိုးရ သည် ဂါဇာကမ်းမြောင်တွင် ဆက်တိုက်ဖြစ်ပွားနေသော ရန်စမှုများကို အဆုံးသတ်ရမည်ဟု အိုင်မန် အလ်ဆဖ်ဒီ က ပြောကြားခဲ့ပါတယ်။
ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးက တီဟီရန်ကို ကျွန်တော့်ရဲ့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်တစ်ခုက နှစ်နိုင်ငံကြား ကွဲလွဲမှုတွေကို ဖြေရှင်းဖို့နဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
အစောပိုင်းက ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး ဌာန မှ ထုတ်ပြန် ချက်တစ်ခု တွင် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အိုင်မန်အလ်ဆဖ်ဒီ သည် မိမိ နှင့် ရာထူး တူ အီရန် နိုင်ငံခြားရေး ဝန်ကြီး နှင့် တွေ့ဆုံခဲ့ပြီး ဒေသတွင်း နောက်ဆုံး အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း တင်ပြထားပါတယ်။
သတိပြုစရာ အချင်တစ်ခု မှာ ဂျော်ဒန် ဘုရင် အဗ်ဒိုလ္လာဟ် ၂ ၏ ဇနီးသည် ရဟူဒီ (ခ) ဂျူးလူမျိုး ဖြစ်ပြီး ဒမတ်စကတ်ရှိ အီရန်သံရုံးကို အစ္စရေး တိုက်ခိုက်ပြီးနောက် အစ္စရေး အား တုံ့ပြန်သည့် အနေဖြင့် အီရန်မှ ဧပြီ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှု တွင် သုံးခဲ့ သည့် ခရုဇ် နှင့် ပဲ့ထိန်း ဒုံးကျည်များကို အစ္စရေးဖက် မှ ကူ ပစ်ချပေးခဲ့သည့် အစ္စလာမ် သစ္စာဖောက် နိုင်ငံ ဖြစ်ပါတယ်။
.......................................................
END / 251