Sahar News ၏ သတင်းအထောက်အထားများ အရ ရမ်ဒန်နယ်စပ်၏အရ်ဗအီးန် ကော်မတီအစည်းအဝေးတွင် စစ်သန် နှင့် ဘလိုချီ စတန် ရှိ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ၏ ကိုယ်စားလှယ်တော် ဟဇရသ် အာယာသွလ္လာဟ် မိုဟာမီ မှ နယ်စပ်၏ လက်ရှိအခြေအနေသည် လွန်ခဲ့သည့်နှစ်များထက် များစွာပြောင်းလဲသွားသော်လည်း ယဉ်ကျေးမှုရေးရာ နယ်ပယ်တွင် ပိုမိုအားထုတ်မှုများ လိုအပ်နေသေးကြောင်းမိန့် ကြားခဲ့ပါတယ်။
အဆိုပါ အခြေခံအဆောက်အအုံပြင်ဆင်မှုတွင် ကုန်ကျစရိတ်များစွာ သုံးစွဲခဲ့ပြီး ဇေယာရသ် ပြုသူများမှာ အဆိုပါ ဝန်ဆောင်မှုများကို အသုံးပြုနေကြကြောင်း သို့သော် ပံ့ပိုးပေးထားသည့် အခြေခံအဆောက်အအုံသည် အရ်ဗအီးန် ဇေယာရသ် ပြုသူများ အတွက်သာမက တစ်နှစ်ပတ်လုံး ပြည်နယ်အတွင်းရှိ ပြည်သူများအတွက်ပါ သတိပြုရမည်ဖြစ်ကြောင်း အာယာသွလ္လာဟ် မှ မိမိ ၏ မိန့်ခွန်းတွင် ဆက်လက်မိန့် ကြား ခဲ့ပါတယ်။
တောင်ပိုင်းပြည်နယ်၏ အဝေးပြေးလမ်းနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးချုပ် ရှဲဟ်ရာမ် မိုဘာရတ်က်ကီ မှ ပါကစ္စတန်မှလာသော အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အရ်ဗအီးန် ဇေယာရသ် ပြုသူ များ အတွက် ဝန်ဆောင်မှုပေးရန်အတွက် ကြည့်ရူ စိစစ်ပြီး ရမ်ဒန်နယ်စပ်တွင် ကားအစီးရေ နှစ်ရာခွဲခန့် ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံအနောက်ဘက်နယ်စပ်များအထိ ပို့ဆောင်လျက် ရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251