အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နယ်ချဲ့ အစ္စရေး (ခ) ဇီယွန်နစ်စစ်တပ် သည် လက်ဘနွန် နိုင်ငံ တွင် မိမိတို့၏ မြေပြင်စစ်ဆင်ရေးစတင်ကြောင်း ကြေညာချက် ကို ထုတ်ပြန် လိုက်ပြီး ဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်အရ ဇီယွန်စစ်တပ်ရဲ့ မြေပြင်စစ်ဆင်ရေးတွေကို လက်ဘနွန်တောင်ပိုင်းမှာ အမြောက်နဲ့ လေကြောင်း ထောက်ပံ့မှုတွေနဲ့အတူ ဗဟိုက ချုပ်ကိုင်ထားမှာ ဖြစ်ပါတယ်။
နယ်ချဲ့ အစ္စရေး (ခ) ဇီယွန်အစိုးရစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ယင်းကိစ္စနှင့် ပတ်သက်၍ အစ္စရေးစစ် တပ်သည် လက်ဘနွန်တောင်ပိုင်းနယ်စပ်အနီးရှိ ဟစ်ဘွလ္လာဟ် အဖွဲ့ ပစ်မှတ်များကို ပစ်မှတ်ထားပြီး သတ်မှတ်ထား သည့် မြေပြင်စစ်ဆင်ရေးကို စတင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251