leader.ir ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မအ်စူမီးန် (အစ) ၏ ကဗရ် တော်များ ရှေ့တော်တွင် နမာဇ် ဝတ်ပြုခြင်း နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါ တယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ ထံမေးထား သည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။
မေးခွန်း
တမန်တော်မြတ်ကြီး မုဟမ္မဒ် (ဆွ) ၏ ကဗရ် ရှေ့တော် တွင် သို့မဟုတ် မအ်စူးမ်န် အေမာမ် ၁၂ပါး (အ.စ) ၏ ကဗရ်များ ရှေ့တော် တွင် နမာဇ် ဝတ်ပြုခြင်း နှင့်ပတ်သက်၍ ရှရီအီ အမိန့် မည်သို့ လာရှိပါသနည်း ?
အဖြေ
အကယ်၍ ရောင်ဇဟ်မိုနဝရဟ် အတွင်း ဖြစ်ပြီး ကဗရ် အားနောက်ကျောပေးထားသည့် အနေအထားတွင် မပိုင်ချေ။ နမာဇ် မပိုင်သည့် နေရာဖြစ်ပါသည်။အကယ်၍ ကဗရ်တော် အား ကျောပေးထားသည့် အနေအထား မဟုတ်သည့် အနေထား ဖြင့် ရပ်မည် သို့မဟုတ် ရောင်ဇဟ်တော် ၏ အပိုင်း ပိုင်းတွင် ဖြစ်မည်ဆိုလျင် ပြဿနာ မရှိချေ။ နမာဇ်လည်း ပိုင်ပါသည်။ အကယ်၍ ရောင်ဇဟ်တော် ၏ ဘေး နှစ်ဘက် တွင် ဖြစ်ပြီး ရောင်ဇဟ် တော်၏ ရှေ့တော်တွင်လည်း ဖြစ်နေမည်ဆိုလျင် (ရောင်ဇဟ်တော် ၏ ရှေ့တည့်တည့်တွင် မဟုတ်ဘဲ ဘေး နှစ်ဖက်တွင် ဆိုလျင်) လည်း ပြဿနာမရှိချေ။
ရှင်းလင်းချက် အကျဉ်း ။ ။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ ၏ အဖြေအရ တမန်တော်မြတ်ကြီး မုဟမ္မဒ် (ဆွ) ၏ ကဗရ် ရှေ့တော် တွင် သို့မဟုတ် မအ်စူးမ်န် အေမာမ် ၁၂ပါး (အ.စ) ၏ ကဗရ်များ ရှေ့တော် တွင် နမာဇ် ဝတ်ပြုခြင်း နှင့်ပတ်သက်၍ ရှရီအီ အမိန့် အား အထင်အရှား တွေ့ ရှိ ရမည် ဖြစ်ပါတယ်။ ရောင်ဇဟ်တော်၏ ရှေ့တည့်တည့်တွင် နမာဇ် ဝတ်ပြုခြင်းသည် မပိုင်ကြောင်း ကို သိရှိ ရမည် ဖြစ်ပါတယ်။
ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
..................................................................................
END / 251