အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahartv အစီအရင် ခံစာ အရ နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် အီရန်နိုင်ငံမြို့တော် တီဟီရန် အပါအဝင် နေရာအများအပြားတွင် ဇီယွန်အစိုးရ၏ လေကြောင်းတိုက်ခိုက်မှုကို တားဆီးခဲ့ပြီး ဇီယွန်အစိုးရသည် တီဟီရန် ၊ ခူဇစ်စတန် နှင့် အီလာန်မ် ရှိ အချို့နေရာများကို ပစ်မှတ်ထားရန် ကြိုးပမ်းခဲ့ပါတယ်။
ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှုကို ကြိုးပမ်းပြီးနောက်၊ အီရန်လေကြောင်းကာကွယ်ရေးစနစ်၏ ပြည်သူ့ ဆက်ဆံရေးဌာနက အရေးကြီးသော ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဇီယွန်ဝါဒီတို့၏ ကြိုးပမ်း ဆောင်ရွက်မှု သည် ခြိမ်းခြောက်မှု နှင့် ရန်စမှုဖြစ်သည်ဟု ဖော်ပြခဲ့ပါတယ်။
ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှုများ မအောင်မြင်ပြီးနောက် အီရန်ရှိ မြို့များအားလုံးတွင် ပုံမှန်ဘဝနှင့် အဖွဲ့အစည်းများ ကျောင်းများ နှင့် စီးပွားရေးစင်တာများအားလုံး ပုံမှန်အတိုင်း ဆက်လက်လုပ် လည်ပတ်လျက် ရှိပါတယ်။
.......................................................
END / 251