၂၈ အောက်တိုဘာ ၂၀၂၄ - ၁၀:၀၃
 နမာဇ် အား ထိန်းသိမ်းခြင်း၏ ရလဒ်

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် နမာဇ် အား ထိန်းသိမ်းခြင်း၏ ရလဒ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الصادق (عليه السلام):

إنّ مَلكَ الْمَوتِ يَدْفَعَ الشَّيطانَ عَنِ الْمُحافظِ عَلَي الصَّلاةِ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« ဧကန်စင်စစ် မလ်ကိုလ်မောက်သ် (သေမင်း) သည် ရှိုင်တွာန် အား မိမိ၏နမာဇ် ကို ထိန်းသိမ်းသူ ( နမာဇ်အား ပုံမှန် ဝတ်ပြုသူ) ထံမှ ဝေးရာသို့ မောင်းထုတ်ပေးပါသည်။ »

ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း  အတွဲ ၂ ၊ စာမျက်နှာ ၁၉

မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ နမာဇ် ငါးကြိမ် ကို ပုံမှန် ဝတ်ပြုနိုင် အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ထို့မှသာ ရှိုင်တွာန် သည် ကျနော်တို့ နှင့် ဝေးနေမည် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ကျနော်တို့ ကိုယ်တိုင် နမာဇ် ကို ပုံမှန် ဝတ်ပြုရန်လည်း ကြိုးပမ်းပြီး မိမိမိသားစုဝင်များ ၊ ညီအစ်ကို ၊ မောင်နှမများ စသည် တို့ကို လည်း နမာဇ် ပုံမှန် ဝတ် ပြုကြအောင် တိုက်တွန်း မေတ္တာ ရပ်ခံရမည် ဖြစ်ပါတယ်။ ပြီးနောက် နမာဇ် ငါးကြိမ်မရလည်း ၁ကြိမ် ဖြစ်စေ ၂ကြိမ် ဖြစ်စေရအောင် ဖတ်ပါဆိုသည့် လမ်းမှားနေမှုကိုလည်း ပြုပြင်ရပါမည်။ တရားတော် အရ အရွယ်ရောက်ပြီးသူတိုင်း မည်သည့် အခြေအနေတွင် မဆို နမာဇ် ကို ငါးကြိမ် လုံး ဝတ်ပြုရန်၊ ပုံမှန် ဝတ်ပြုရန် မဖြစ်မနေ ထမ်းဆောင် ရမည့် တာဝန် ဝတ္တရား ဖြစ်ပါတယ်။

****************************************************************

END / 251