အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher News Agency ၏ အစီရင်ခံစာအရ နိုဝင်ဘာလ ၃ရက်နေ့ တွင် ကျရောက်မည့် ကမ္ဘာ့ အာဏာရှင်ဝါဒ၊နယ်ချဲ့ ဝါဒတော်လှန်ရေးနေ့ အထိမ်းအမှတ် ဖြင့် အီရန်နိုင်ငံ တဝှမ်းရှိ တက္ကသိုလ် ကျောင်းများ တွင် ပညာသင်ကြား နေသော တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များသည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် တွေ့ဆုံခဲ့ ကြပါတယ်။
တီဟီရန်မြို့ရှိ အေမာမ် ခိုမေနီ အေမာမ် ဘာရာ တွင် ကျင်းပသည့် ဤ တွေ့ဆုံမှုအတွင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အာဏာရှင်ဝါဒ၊ နယ်ချဲ့ ဝါဒတိုက်ဖျက်ရန် လိုအပ်သည့် အစီအမံများအားလုံးကို ဆောင်ရွက်မည်ဖြစ်ကြောင်း မိမိ ၏ မိန့်ခွန်းတွင် မိန့်ကြား ခဲ့ ပါတယ်။
ဆက်လက်ပြီး ကျွန်ုပ်တို့၏ သက်ဆိုင်ရာ အာဏာပိုင်များသည် ၎င်းတို့၏ တာဝန်များကို နိုင်ငံရေး၊ ကာကွယ်ရေးနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ကျေပွန်အောင် ထမ်းဆောင်နေ ကြောင်း ကလဲ့စားချေခြင်း ကိစ္စမဟုတ်ဘဲ ဘာသာရေး၊ ကိုယ်ကျင့်တရားနှင့် နိုင်ငံတကာဥပဒေများနှင့် ကိုက်ညီသော ယုတ္တိတန်သော လုပ်ရပ် ဖြစ်ကြောင်း အီရန်နိုင်ငံနှင့် အာဏာပိုင်များသည် ယင်းကိစ္စနှင့်ပတ်သက်၍ ပေါ့ဆမှုနှင့် ပျင်းရိမှုကို ပြသမည် မဟုတ်ကြောင်း၊ ဤအတွက် စိတ်ချထားဖို့ လိုကြောင်း အမေရိကန် သူလျှိုအခြေစိုက်စခန်းနှင့်ပတ်သက်၍ မည်သူမျှ သံသယမရှိ ကြောင်း အမေရိကန်သံရုံးသည် သံတမန်ရေးရာလှုပ်ရှားမှုများ၏ဗဟိုသာမက အစ္စလာမ် မစ် တော်လှန်ရေးကိုဆန့်ကျင်သည့် ပူးပေါင်းကြံစည်မှုများနှင့် အေမာမ် ခိုမေနီ (ရ.ဟ) အား သတ်ဖြတ် ရန် ကြံစည်မှု၏ အမာခံနေရာလည်းဖြစ်ခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။
ထပ်လောင်း၍ အစ္စလာမ့်သွန်သင်ချက်များကို သင်ယူရင်း ဖိနှိပ်မှုကို တိုက်ဖျက်ခြင်းသည် အီရန်နိုင်ငံအတွက် တာဝန်တစ်ရပ်ဖြစ်လာကြောင်း အာဏာရှင်ဝါဒ၊နယ်ချဲ့ ဝါဒ သည် အီရန်နိုင်ငံကို စော်ကားရာရောက်သောကြောင့် အီရန်နိုင်ငံ၏ စစ်ပွဲသည် အာဏာရှင်ဝါဒ၊နယ်ချဲ့ ဝါဒ နှင့် အနာဂတ်တွင် ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ အမေရိကန်နှင့် အစ္စရေးတို့သည် မိမိတို့၏ လုပ်ရပ်ဆိုး အတွက် အပြစ်ပေးခံရမည်ဖြစ်ပြီး အီရန်အပေါ် တိုက်ခိုက်မှုများကို ၎င်းတို့ ခံနိုင်ရည် မရှိသော တုံ့ပြန်မှုဖြင့် အီရန် မှ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံသားများ အနေဖြင့် အာဏာရှင် ဝါဒ၊နယ်ချဲ့ ဝါဒ ကို တိုက်ဖျက်ရန် အသိပညာ၊ တွေးခေါ်မှု၊ နည်းပညာနှင့် လမ်းပြမြေပုံ လိုအပ်ကြောင်း မျိုးဆက်သစ် လူငယ်များသည် ဤကိစ္စမှာ အရေးကြီးတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်မည် ဖြစ်ကြောင်း အတွေးများကို အားကောင်းရန် ဗဟုသုတ တိုးပွား စေရန် လုပ်ရမည် ဖြစ်ပြီး တွေးခေါ်ကြံဆမှုမရှိဘဲ အလုပ်ကို ကောင်းကောင်း လုပ်လို့ မရကြောင်း မိန့်ကြားခဲ့ပါတယ်။
.........................................................................
END / 251