အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်ရုပ်မြင်သံကြားဌာန(IRIB)၏ အစီရင်ခံစာအရ အမေရိကန်၏ MQM-170 အမျိုးအစား ကင်းထောက်ဒရုန်းနှစ်စင်းကို အီရန်နိုင်ငံ ကဲရှ်မ် ကျွန်းတောင်ဘက် ကောင်းကင်ယံတွင် ကြားဖြတ်ဟန့်တားဖမ်းဆီးရမိခဲ့ပါတယ်။
လွန်ခဲ့သည့်အချိန်အနည်းငယ်က ကဲရှ်မ်ကျွန်း တောင်ဘက် ကောင်းကင်ယံတွင် အမေရိကန်၏ MQM-170 အမျိုးအစား ကင်းထောက်ဒရုန်းနှစ်စင်းကို အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ အာကာသနှင့်လေကြောင်းတပ်ဖွဲ့က အဆင့်မြင့် အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်များ အသုံးပြု၍ ပျံသန်းနိုင်စွမ်းမရှိအောင် လုပ်ဆောင်ကာ မြေပြင်ပေါ်သို့ ချက်ချင်းဆင်းသက်စေခဲ့ပါတယ်။
ယခုဒရုန်းနှစ်စင်းအပါအဝင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ထူးချွန်သော အရာရှိများက သိမ်းဆည်းရမိခဲ့သည့် အဆိုပါအမျိုးအစား အမေရိကန်ဒရုန်းအရေအတွက်မှာ စုစုပေါင်း လေးစင်းအထိ ရှိလာပြီဖြစ်ပါတယ်။
ထို့ကြောင့် ကျူးကျော်သူ အမေရိကန်ရန်သူသည် အဆိုပါဒရုန်းများ အသုံးပြု၍ မိမိတို့ရည်မှန်းထားသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ နောက်တစ်ကြိမ် ထပ်မံရှုံးနိမ့်ခဲ့ပြန်ပါတယ်။
အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ၏ အကြမ်းဖက်တပ်မှူး ဘရက်ဒ် ကူးပါး (Brad Cooper) ၏ အမည်းစက်ပြည့်နှက်နေသော မှတ်တမ်းတွင် ရှုံးနိမ့်မှုနှင့် ကျရှုံးမှု နောက်ထပ်တစ်မျက်နှာကို ထပ်မံဖြည့်စွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment