အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ အစီရင်ခံစာအရ ဘဂ္ဂဒက် မြို့ သောကြာ နမာဇ် ရှေ့ဆောင် ဆရာတော် အာယာသွလ္လာဟ် ဆယက်ဒ် ယာစင်းန် မူစဝီ မှ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ နှင့် ကုလသမဂ္ဂ ကိုယ်စားလှယ် တွေ့ဆုံမှုနှင့် နောက်ဆက်တွဲ ထုတ်ပြန်ချက်များကို ရည်ညွှန်းပြီး နိုင်ငံရေးသမားများ သည် မရ်ဂျအ် သက္က်လီးဒ်တော် ၏ ဆုံးမ အကြံပေးချက်များကို လေးလေးနက်နက် မထားသည့် အတွက် နှင့် မရ်ဂျအ် သက္က်လီးဒ်တော် ပြောဆိုချက်များကို မိမိ တို့၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားအရ ကမောက်ကမ တင်ပြ ကြသည့် အတွက် ဝမ်းနည်းမိကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ သည် အီရတ်အရေးတွင် နိုင်ငံခြားဝင်ရောက်စွက်ဖက်ခြင်းမပြုရန် အခိုင်အမာပြောဆိုခဲ့သော်လည်း နိုင်ငံရေးသမားအချို့က ၎င်း၏ ပြောဆိုချက်ကို အီရန်အတွက် အရိပ်အမြွက်အဖြစ် ယူဆကြောင်း အီရန်သည် အီရတ်အရေးတွင် မည်သည့်အခါမျှ ဝင်ရောက် စွက်ဖက်ခြင်းမရှိကြောင်း ကျွန်ုပ်တို့အားလုံးသိကြသော်လည်း အမေရိကန်သည် အီရတ် အရေးအားလုံးကို ဝင်ရောက်စွက်ဖက်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး ယင်းကဲ့သို့သော မရေမတွက်နိုင်သော ဥပမာများရှိကြောင်း မိန့်ကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် ဆယက်ဒ် ယာစင်းန် မူစဝီ မှ အမေရိကန်သည် ကုလသမဂ္ဂတွင် ဗီတို အာဏာသုံး ပိုင်ခွင့်ရှိကြောင်း နှင့် အီရတ်၏ စီးပွားရေးသည် အမေရိကန်၏ စွက်ဖက်မှုအတွက် လမ်းဖွင့်ပေးသည့် နံပါတ် ခြောက် အပိုဒ်အောက်တွင် ရှိနေကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်သည် ဒေသတွင်းတွင် အမေရိကန်စစ်တပ်များ ဖြန့်ကျက်ချထားကြောင်း ကြေညာခဲ့ကြောင်း ရည်ရွယ် ချက်ကတော့ အစ္စရေးကို ကာကွယ်ဖို့နဲ့ ဒေသတွင်းက ပြည်သူတွေကို ဆန့်ကျင်ဖို့ဖြစ်ကြောင်း အာယာ သွလ္လာဟ် မှ ဆက်လက် မိန့်ကြားခဲ့ပါတယ်။
ဟီလာရီ ကလင်တန်နှင့် ထရမ့်တို့၏ အဆိုအရ အမေရိကန်သည် ISIS ကို ထူထောင်ခဲ့ပြီး ယနေ့တွင် အမေရိကန်သည် ISIS ကို တိုက်ခိုက်နေသည်ဟု ဆိုကြကြောင်း တကယ်တော့ သူကိုယ်တိုင်က အဲဒါကို ထိန်းချုပ်နေကြောင်း ISIS အရေးကို အကြောင်း ပြ ပြီး သူတို့ ဟာ အီရတ်အရေးမှာ ဝင်ရောက်စွက်ဖက်ဖို့ ဖန်တီးထားတာ ဖြစ်ကြောင်း ဘဂ္ဂဒက် မြို့ သောကြာ နမာဇ် ရှေ့ဆောင် ဆရာတော် အာယာသွလ္လာဟ် ဆယက်ဒ် ယာစင်းန် မူစဝီ မှ မိန့်ကြားခဲ့ပါတယ်။
အီရတ် နိုင်ငံ သည် စီးပွားရေးအရရော စစ်ရေးအရပါ သိမ်းပိုက်ထားခြင်းခံထားရ ပြီး အီရတ် စီးပွားရေးသည် အမေရိကန်နှင့် ဗြိတိန်တို့လက်ထဲတွင် ရှိနေကြောင်း အစ္စရေးက အီရန်ကို တိုက်ခိုက်တဲ့ တိုက်ခိုက်မှုတွေဟာ အီရတ်လေပိုင်နက်ကနေ လုပ်ဆောင်တာဖြစ်ပြီး အချို့သော အစ္စရေး စစ်လေယာဉ်တွေတောင် အီရတ်ပိုင်နက်ထဲ အမေရိကန်အခြေစိုက်စခန်း များတွင် ဆင်းသက်ခဲ့ကြောင်း အမေရိကန်သမ္မတများအားလုံး အစ္စရေး အကျိုးစီးပွားအတွက် လုပ်ဆောင်နေသောကြောင့် ထရမ့် သမ္မတ ဖြစ်လာလို့လည်း မွတ်စလင်များနှင့် အာရပ်များ အတွက် တစ်စုံတစ်ရာ ပြောင်းလဲမည်မဟုတ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဘိုင်ဒင် မှ ဂါဇာကို ဖျက်ဆီးပြီး လက်ဘနွန်ကို သိမ်းပိုက်နိုင်စေရန် အစ္စရေးအား အပြည့်အဝ ထောက်ပံ့ပေးခဲ့ ကြောင်း ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက်မှာ နေတန်ယာဟုကို Trump က "မင်းဘာပဲလုပ်လုပ် မင်းလုပ်စရာ နှစ်လပဲရှိတော့တယ်၊ ဒါပေမယ့် ငါတာဝန်ယူတဲ့အခါ စစ်ပွဲက ပြီးသွားလိမ့်မယ်" လို့ ပြောခဲ့ကြောင်း ဆိုလိုသည်မှာ နေတန်ယာဟုသည် လက်ဘနွန်နှင့် ပါလက်စတိုင်းမှ ပြည်သူများကို အာဏာကူးပြောင်းပြီး ဒေသသို့ စွန့်ပစ်ခြင်းအထိ နေ့စဉ် ရာနှင့်ချီ၍ ထောင်နှင့်ချီ သတ်ဖြတ်ရန် အခွင့်အလမ်းရှိကြောင်း အာယာသွလ္လာဟ် ဆယက်ဒ် ယာစင်းန် မူစဝီ မှ မိန့်ကြားခဲ့ပါတယ်။
.......................................................
END / 251