၁၁ နိုဝင်ဘာ ၂၀၂၄ - ၁၁:၄၇
ဟစ်ဘွလ္လာဟ် အဖွဲ့သည် ဇီယွန်ဝါဒီ စစ်တပ်၏ အရေးကြီးသော တပ်ဆင် စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်

ဟစ်ဘွလ္လာဟ် အဖွဲ့သည် ဇီယွန်ဝါဒီစစ်တပ်၏ အရေးကြီးသော တပ်ဆင်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ် ကဖော်ပြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သိမ်းပိုက်ခံထားရသော ပါလက်စတိုင်း၏ နေရာအနှံ့အပြားတွင် ဟစ်ဘွလ္လာဟ် အဖွဲ့မှ  အရေးကြီးသော ဇီယွန်စစ်တပ်၏ အရေးကြီးသော စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Maher News Agency က အယ်လ်မာနာကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

ဂါဇာကမ်းမြောင်နှင့် လက်ဘနွန်တို့အပေါ် ရန်စမှုများကို တုံ့ပြန်သည့်အနေဖြင့် လက်ဘနွန်တော်လှန်ရေး အဖွဲ့အစည်းသည် လက်ဘနွန်တောင်ပိုင်းမှ အစ္စရေးနိုင်ငံမြောက်ပိုင်းနယ်စပ်အထိ ဒုံးကျည်များကို ဆက်လက် ပစ်ခတ်နေပါတယ်။

Sheba Farm အနီးတစ်ဝိုက်ရှိ ဇီယွန်ဝါဒီ စစ်ယာဉ်တန်းကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရန်သူ စစ်သားအများအပြား သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း ဟစ်ဘွလ္လာဟ် အဖွဲ့အစည်းက ထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါတယ်။

အခြားထုတ်ပြန်ချက်တစ်ခုတွင် ဟစ်ဘွလ္လာဟ်က  အယ်လ်ဂျာလီမြို့ မြောက်ဘက်ရှိ ဇီယွန်စစ်တပ်၏ ကာကွယ် ရေးတပ်များ တိုက်ခိုက်ခံရမှုတွင် ရန်သူသည် ပြင်းထန်စွာ ပျက်စီး ဆုံးရှုံး သွားကြောင်း ပြောကြား ခဲ့ပါတယ်။

.......................................................

END / 251