၂၈ နိုဝင်ဘာ ၂၀၂၄ - ၀၄:၄၃
ပုပ်ရဟန်း မင်းကြီးမှ ဇီယွန်ဝါဒီ အစိုးရကို ပြစ်တင် ရှုတ်ချ

ပုပ်ရဟန်းမင်းကြီး Francis သည် ပါလက်စတိုင်းပြည်သူများ၏ နာကျင်မှုနှင့် ဝေဒနာများကို ဖော်ပြရင်း ဇီယွန်ဝါဒီအစိုးရကို ပထမဆုံးအကြိမ် ရှုတ်ချခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှုကို ပုပ်ရဟန်းမင်းကြီးက မိန့်ခွန်းပြောကြားပြီးနောက် တစ်ပတ်အကြာတွင် ပါလက်စတိုင်းနှင့် ယူကရိန်းတို့တွင် ရန်လိုသူများ၏ မောက်မာမှုကို ရှုတ်ချခဲ့ကြောင်း အာရဗီ ၂၁ သတင်းဌာန နှင့် အီးက်နာ သတင်းဌာန အရ သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ ခေါင်းဆောင်သည် ချီလီနှင့် အာဂျင်တီးနားကြား ငြိမ်းချမ်းရေး စာချုပ် လေးဆယ်နှစ်မြောက် အခမ်းအနားတွင် ယင်းအမှာစကား ပြောကြားခဲ့ပြီး လက်ရှိ ကမ္ဘာစစ်များ နှင့် ၎င်းတို့ဖြစ်ပေါ်စေသည့် ကြီးမားသော ဆင်းရဲဒုက္ခများကို မီးမောင်းထိုးပြခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက "ယနေ့ ကျွန်ုပ်တို့ လူသားမျိုးနွယ်အပေါ် ကြီးမားသော ကျရှုံးမှုကြီးနှစ်ခုဖြစ်သည့် ယူကရိန်းနှင့် ပါလက်စတိုင်းတို့ကို ညွှန်ပြပြီး လူများ အကြီးအကျယ် ခံစားနေကြရပြီး သိမ်းပိုက်ထားသူများ၏ မောက်မာမှုသည် တွေ့ဆုံဆွေးနွေးရေးကို ပျက်ပြားစေကြောင်း " ကမ္ဘာပေါ်တွင် လက်နက်ရောင်း ဝယ်ဖောက်ကားမှုကို ပြစ်တင်ဝေဖန်ပြီး စစ်ပွဲများကြားတွင် လက်နက်ရောင်း ဝယ်ဖောက်ကားမှုကို ပြုနေပြီး ငြိမ်းချမ်းရေးကို ပြောဆိုခြင်းမှာ အရေခြုံလုပ်ရပ် ဟု ခေါ်ဆိုကြောင်း ပုပ်ရဟန်းမင်းကြီးမှ  နိုင်ငံတကာ ဆက်ဆံရေးတွင် တွေ့ဆုံဆွေးနွေးမှု၏ ဗဟိုချက်ကို အလေးပေးသင့်ကြောင့် ပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးသည် ဇီယွန်ဝါဒီ အစ္စရေး ၏ လုပ်ရပ်များကို ပထမဆုံးအကြိမ် လူသိရှင်ကြား ပြစ်တင် ရှုတ်ချခဲ့ပါ တယ်။ ငြိမ်းချမ်းရေးသည် တရားမျှတမှုနှင့် တရားမျှတမှုအပေါ် အခြေခံရမည်ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေး မှု သည် သံတမန်များနှင့် ဘာသာရေးခေါင်းဆောင်များ စုစည်းကာ နိုင်ငံတကာဆက်ဆံရေး၏ အခြေခံဖြစ် သင့် သည်ဟု အလေးပေးပြောကြားခဲ့ပါတယ်။

"Hope Never Dies; Pilgrims to a Better World" စာအုပ်အသစ် ထွက်ရှိပြီး တစ်ပတ်အကြာတွင် ပုပ်ရဟန်းမင်း ကြီး၏ မှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ ထိုစာအုပ်တွင် ပုပ်ရဟန်းမင်းကြီးက ဂါဇာကမ်းမြောင် ဒေသ၏ အခြေအနေကို ပြန်လည်သုံးသပ်ရန်နှင့် လူမျိုးတုံးသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးမှု တစ်ခု ပြုလုပ်ရန် တောင်းဆိုထားပါတယ်။ အစ္စရေးက ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။

ပုပ်ရဟန်းမင်းကြီး၏ ကြေညာချက်အပြီးတွင် အကြမ်းဖက် သမား အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်နိုင်ချေကို စုံစမ်းစစ်ဆေးရန် ပုပ်ရဟန်းမင်းကြီး၏ တောင်းဆိုမှု ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

.......................................................

END / 251