၂၂ ဖေဖော်ဝါရီ ၂၀၂၅ - ၁၈:၅၀
ဘေရွတ်မြို့ တွင် ကြံ့ကြံ့ခံ ခေါင်းဆောင်များ ရှဟီးဒ် နှစ် ဦး အား နှုတ်ဆက်ပွဲ အတွက် ပြင်ဆင်မှုများ ပြီးစီး နေပြီဖြစ်

လက်ဘနွန်မြို့တော် ဘေရွတ်တွင် ကျဆုံးသွားသော ဟစ်ဘွလ္လာဟ် ခေါင်းဆောင် နှစ်ဦး ဖြစ်ကြသည့် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နှင့် ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန်တို့ ၏ ဈာပန အခမ်းအနား အတွက် ပြင်ဆင် နေပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟစ်ဘွလ္လာဟ် ခေါင်းဆောင် နှစ်ဦး  ဖြစ်ကြသည့်  H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နှင့် ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန်တို့ ၏ ဈာပနအခမ်းအနားအတွက် နောက်ဆုံးပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဘေရွတ်မြို့၏လမ်းများတွင် အခြားတပ်မှူးများအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ပုံများဖြင့် အလှဆင်ထားကြောင်း IRNA သတင်းထောက်တစ်ဦးက ပြောကြားခဲ့ပါတယ်။

ဟစ်ဘွလ္လာဟ် တပ်ဖွဲ့ဝင် ၅၀၀၀ သည် ဈာပန အစီအစဉ်ကို စီမံခန့်ခွဲနေကြောင်း သတင်းရရှိပါတယ်။

တစ်ချိန်တည်းတွင် လက်ဘနွန်တောင်ပိုင်းရှိမြို့များနှင့်ကျေးလက်ဒေသများတွင် ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် ၏ ဈာပန အတွက်ပြင်ဆင်မှုများကိုလုပ်ဆောင်နေ ကြောင်း သိရပါတယ်။

အစီရင်ခံစာအရ ဟစ်ဘွလ္လာဟ် ၏ အမှုဆောင် ကော်မတီ အကြီးအကဲ ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် ၏ ဈာပနကို ဖေဖော်ဝါရီ ၂၂ ရက် တနင်္လာနေ့တွင် ဒီးရ် ကာနူးန်န်နဟ်ရ် မြို့တွင် ကျင်းပမည်ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို မြှုပ်နှံထားမည်ဖြစ်ကြောင်း သိရပါတယ်။

နယ်ချဲ့ ဇီယွန်နစ်ဂျက်တိုက်လေယာဉ်များသည် ဆင်ခြေဖုံးရပ်ကွက်ကို ရက်စက်စွာ ဗုံးကြဲခဲ့ပြီး ဟစ်ဘွလ္လာဟ် ခေါင်းဆောင် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ်  အား စက်တင်ဘာ ၂၇  ရက် နေ့  ခရစ် သက္ကရာဇ် ၂၀၂၄ ခုနှစ်  တွင် ရှဟီးဒ် ပြုခဲ့ ကြောင်း  သတိပြုသင့်ပါတယ်။

ခရစ် သက္ကရာဇ် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် နယ်ချဲ့ ဇီယွန်ဝါဒီများက ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးများကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန်  ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။

နယ်ချဲ့ ဇီယွန်နစ်လေယာဉ်များသည် ကနဦး ဗုံးကြဲပြီးနောက် ရက်အတန်ကြာ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် အကူအညီပေးရေးအဖွဲ့တွေ ရောက်လာပြီး ဟစ်ဘွလ္လာဟ် တပ်မှူးများ ကယ်ထုတ်ဖို့  မဖြစ်နိုင်အောင် ယုတ်မာ ရက်စက်ခဲ့ကြခြင်း ဖြစ်ပါတယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အီ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ မှ အကြီးတန်းအရာရှိများနှင့် အဖွဲ့အစည်းအသီးသီးမှ အကြီးအကဲများ သည် ဟစ်ဘွလ္လာဟ် အာဇာနည်များ၏ ဈာပနအခမ်းအနားတွင် ပါဝင်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို နိုင်ငံ၏ အမြင့်ဆုံးအဆင့်တွင် ပြုလုပ်ခဲ့ကြောင်း မှတ်သားဖွယ်တွေ့ရှိရပါတယ်။

.......................................................

END / 251