၂၃ ဖေဖော်ဝါရီ ၂၀၂၅ - ၂၂:၄၁
သတ်တဲ့သူ ကို အသတ်ခံသူ က အနိုင်ရသွားတယ်ဆိုတာ ဒါမျိုးပေါ့ ...

နယ်ချဲ့ အစ္စရေး က ယောက်ကျားမပီသ စွာဖြင့် မြေပြင် မှာ မတိုက်ရဲ ဘဲ ဗုံးကြဲပြီး H.I ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် နှင့် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန်တို့ ရှဟီးဒ် လုပ်ခဲ့ ကြတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နယ်ချဲ့ အစ္စရေး က အမေရိကန် အကူအညီ ဖြင့်  ယောက်ကျားမပီသ စွာဖြင့်  မြေပြင် မှာ မတိုက်ရဲ ဘဲ ဗုံးကြဲပြီး မဇ်လူးမ် များ ဘက် မှ ရပ်တည် ပေးခဲ့ကြသည့် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နှင့် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန်တို့  ရှဟီးဒ် လုပ်ခဲ့ ကြတယ်။

အလ္လာဟ် ၏ ချီးမြှင့်မှု ကိုကြည့်ပါ ... ဒီလောက် လူမဆန်စွာ ရက်ရက် စက်စက် အားအပြင်းစား ဗုံးတွေ ကြဲတိုက်တာတောင် လူတစ်ပိုင်းတစ်စ နဲ့ ရုပ်ပျက်ဆင်း ပျက် မဖြစ်ခဲ့ဘူး ... နယ်ချဲ့ အစ္စရေးကလည်း အဲလို ဖြစ်အောင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တာ ဖြစ်တယ်။

နယ်ချဲ့ အစ္စရေး က သူတို့ကို ရှင်းလိုက်ရင် ဟစ်ဘွလ္လာဟ် ရှင်းသွားမယ်လို့ အိမ်မက် မက်ခဲ့ကြတယ် ...

သူတို့ အိမ်မက်တွေမှားနေကြောင့်  ဤ ခေါင်းဆောင် ရှဟီးဒ် နှစ်ဦး ၏ စျာပန ကို ရောက်လာကြသည့် ဤလူအုပ်ကြီး ကပြလိုက်ပြီး ဖြစ်ပါတယ်။

ဒါတောင် ဟစ်ဘွလ္လာဟ် ကိုချစ်သည့်  ၊ ခေါင်းဆောင် ရှဟီးဒ် နှစ်ဦး ကို အချစ်ထားပြီး အကြောင်း အမျိုးမျိုး ကြောင့် စျာပန အခမ်းအနားကို  မလာနိုင်သည့် အချစ်တော် တွေ  ကမ္ဘာ့ နေရာ အနှံ့  မှာ သန်း နဲ့ချီပြီး ရှိနေပါတယ်။

ရှဟီးဒ် ခေါင်းဆောင် နှစ်ဦး ကို ကို နယ်ချဲ့ အစ္စရေး က ရှင်း လိုက်မှဘဲ ...

ဟစ်ဘွလ္လာဟ် က  လူ ပိုများလာပြီး ...

အားပိုကောင်းလာတယ် ...

ဒါတောင် နယ်ချဲ့ အစ္စရေး ၊ အမေရိကန်  နှင့် သစ္စာဖောက် တွေ မဟာမိတ်တွေက ဤစျာပန အခမ်းအနား မဖြစ်အောင် ၊ ပျက်အောင် အစွမ်းကုန် ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ရလဒ်ကတော့ သုည ဖြစ်ခဲ့တယ်။

ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ လုပ်ရပ် ဟာ အထူးသဖြင့် ရှီအဟ် မွတ်စလင်မ်များ နှင့် ကျန် မွတ်စလင်မ် များ အတွက်  သင်ခန်းစာ ယူရန် စံယူရန် ဖြစ်ပါတယ်။ ဘာကြောင့် ဆို ရှဟီးဒ် ဟာ ရှီအဟ် မွတ်စလင်မ် တစ်ဦး ဖြစ်ပြီး မဇ်လူးမ် စွန်နီ ပါလက်စတိုင်း ဘက်ကနေ ရပ်တည် ပေးခဲ့ပြီး အသက်ကို စတေး ခဲ့ခြင်း ဖြစ်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) က မဇ်လူးမ် ဘက်ကနေ ရပ်တည်ပေးဖို့ မိန့်မှာထားလို့ဘဲ ဖြစ်တယ်။  ဒါကြောင့် မောင်လာအလီ (အ.စ) ၏ နောက်လိုက် ရှီအဟ် စစ်လျင် မောင်လာ စကားနားထောင်သူ လိုက်နာသူ  ရှီအဟ် ဖြစ်လျင် မဇ်လူးမ် ဘက်က ရပ်တည်ပေးမှာ ဖြစ်တယ်။ ယုတ်စွ မဇ်လူးမ် ဘယ်နိုင်ငံကဖြစ်စေ၊ ဘယ်ဘာသာကိုးကွယ်သူ ဖြစ်စေ ၊ဘာလူမျိုးဖြစ်စေ မိမိနိုင်သည့်နေရာကနေ ကူညီမှာ ရပ်တည် ပေးမှာ ဖြစ်ပါတယ်။

.......................................................

END / 251