၆ မတ် ၂၀၂၅ - ၁၄:၅၇
အာရပ် ထိပ်သီး အစည်းအဝေး ကြေညာချက်   အပေါ်  ဇီယွန်ဝါဒီ အစိုး မှ  တုံ့ပြန်

နယ်ချဲ့ ဇီယွန်ဝါဒီအစိုးရသည် ဟားမတ်စ် နှင့်ဖသ်ဟ် အပါအဝင် ပါလက်စတိုင်းအဖွဲ့အားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အာရပ်နိုင်ငံများ၏ အစီအစဉ်ကို လက်ခံရန် ငြင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Saharnews အစီရင်ခံစာ အရ ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အာရပ်နိုင်ငံများ၏ အစီ အစဉ်ကို အစ္စရေးက ပယ်ချခဲ့ကြောင်း ဇီယွန်ဝါဒီသတင်းရင်းမြစ်များက ပြော ထားပါတယ်။

ဇီယွန်ဝါဒီ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အာရပ်ခေါင်းဆောင်များ၏ ပြောကြားချက်အပေါ် ပြင်းထန်စွာ တုံ့ပြန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အာရပ်ခေါင်းဆောင်များ၏ ထုတ်ပြန်ချက်သည် ဟားမတ်စ်ကို ရှုတ်ချခြင်းမှ ရှောင်ရှား ထားကြောင်း ပြောကြားခဲ့ပါတယ်။

ယင်းစီမံကိန်းနှင့်ပတ်သက်၍ ဇီယွန်ဝါဒီအစိုးရက အလားတူဝေဖန်ခဲ့ပြီး အဆိုပြုထားသည့် အာရပ် အစီအစဉ်သည် ပါလက်စတိုင်းအာဏာပိုင်များနှင့် UNRWA ပေါ်တွင်မူတည်နေပြီး ယင်းအဖွဲ့ အစည်းများ သည် လုံးဝအကျင့်ပျက်ခြစားနေပြီး ပါလက်စတိုင်းလှုပ်ရှားမှု ဟားမတ်စ်ကို ထောက်ပံ့ နေခြင်းဖြစ်ကြောင်း စွပ်စွဲ ပြောဆို ခဲ့ပါတယ်။

.......................................................

END / 251

 

Your Comment

You are replying to: .
captcha