အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ ဖော်ပြချက်အရ အစ္စရေး ချန်နယ် ၁၄ သည် အစ္စရေးစစ်တပ် အကြီးအကဲ Eyal Zamir ကို ကိုးကားပြီး ယခုနှစ်သည် ဂါဇာနှင့် အီရန်တို့ကို အာရုံစိုက်သော စစ်ဖြစ်ပွားသည့် နှစ်ဖြစ်လိမ့်မည်ဟု ပြောကြားထားပါတယ်။
Eyal Zamir သည် တင့်ကားတပ်မဟာအသစ်နှင့် ခြေလျင်တပ်မဟာအသစ်ဖွဲ့စည်းရန် အမိန့်ပေးခဲ့သည်ဟု အစ္စရေး Channel ၁၂ က ဖော်ပြခဲ့ပါတယ်။
အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ စစ်ဦးစီးချုပ်သည် အီရန်နှင့် ပတ်သက်သည့် ဗျူဟာမြောက် ယူနစ်ကို စိစစ် ကာ မိမိ ၏တာဝန်များကို အခြားစစ်တပ်များကြားတွင် ခွဲဝေရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
သတင်း ရင်းမြစ်များ ၏အဆိုအရ Eyal Zamir သည် Herzliya Halevi ကိုအစား ထိုးပြီး နောက် မိမိ ၏ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားအတွင်း ဤပြောဆိုချက်များအားပြောကြားခဲ့ပါတယ်။
.......................................................
END / 251
Your Comment