၇ မတ် ၂၀၂၅ - ၁၂:၁၀
ဆီးရီးယား ကမ်းရိုးတန်း ပြည်နယ်များတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီး ဂျောင်လာနီ အစိုးရ တပ်ဖွဲ့များ အသေအပျောက် ပြင်းထန်လာ

ဆီးရီးယားနိုင်ငံ လာဇီကီယဟ် နှင့် သရ်သူစ် ပြည်နယ်များရှိ နယ်မြေအများအပြားတွင် လက်နက်ကိုင် ပြည်သူ အုပ်စုများ နှင့် ဂျောင်လာနီ အစိုးရ၏ အဖွဲ့ဝင် များကြား တိုက်ပွဲများဖြစ်လာကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လာဇီကီယဟ် ပြည်နယ်ရှိ ဂျဗလဟ်  မြို့ရှိ နာမည်ကြီးအဖွဲ့များသည် ကြာသပတေးနေ့ညနေပိုင်းကတည်းက ဂျဗလဟ်  မြို့ တွင် ဂျောင်လာနီ အစိုးရ၏ ဖိနှိပ်ချုပ်ချယ်သော လုပ်ရပ်များကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဤတိုက်ခိုက်မှုများအပြီးတွင် ဂျောင်လာနီ အစိုးရ၏ အဖွဲ့ဝင် အများအပြားနှင့် ၎င်း ၏ပတ်ဝန်းကျင်သည် ပြည် သူလူထု အုပ်စုများ၏ ထိန်းချုပ်မှုအောက်တွင် ကျရောက်ခဲ့ပါတယ်။

တိုက်ပွဲများ သည် ဆီးရီးယား၏ ကမ်းရိုးတန်းပြည်နယ်များဖြစ်သည့် သရ်သူစ် ၊  လာဇီကီယဟ် နှင့် ဗါနီယာစ် မြို့များ ကဲ့သို့သော အခြားဒေသများသို့လည်း ပျံ့နှံ့သွားခဲ့ပါတယ်။

လက်နက်ကိုင် ပြည်သူ အဖွဲ့များ နှင့် ထိပ်တိုက်တွေ့မှုများတွင် ဂျောင်လာနီ အစိုးရ၏ အဖွဲ့ဝင် အနည်းဆုံး ၄၂ ဦး သေဆုံးခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ပြီး ကမ်းရိုးတန်းပြည်နယ်များရှိ ဂျောင်လာနီ အစိုးရ၏ အဖွဲ့ဝင် အချို့လည်း အဆိုပါဒေသများရှိ ပြည်သူများကို လက်နက်ချခဲ့ကြောင်း သိရပါတယ်။

ဆီးရီးယားနိုင်ငံ ကမ်းရိုးတန်းဒေသများတွင် ဂျောင်လာနီ အစိုးရတပ်များ၏ တပ်ဖွဲ့ဝင်များအပေါ် တင်းမာမှုများ တိုးမြင့်လာပြီးနောက် အစိုးရစစ်တပ်အာဏာပိုင်များသည် အဒလစ်ဗ် ၊ ဟမာဟ် ဦ ဟွမ်စ် နှင့် အလက်ပို ပြည်နယ်များ မှ စစ်ကူအများအပြားကို လာဇီကီယဟ် နှင့် သရ်သူစ် ပြည်နယ်များသို့ စေလွှတ်ခဲ့ပါတယ်။

ဂျောင်လာနီ  အစိုးရသည် လာဇီကီယဟ်၊  သရ်သူစ် နှင့် ဟွမ်စ် ပြည်နယ်များတွင် ပဋိပက္ခများကို ထိန်းချုပ်ရန်နှင့် ၎င်းတို့၏ ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပါတယ်။

အခြားတစ်ဖက်တွင်မူ အခြေစိုက်စခန်းတစ်ဝိုက်တွင် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားပြီးနောက် အခြေစိုက် စခန်းအနီးရှိ ဂျာဘလီမြို့အစွန်ရှိ ဟမီမီမ် အခြေစိုက်စခန်းတွင် ရုရှားစစ်ဂျက်တိုက်လေယာဉ်များ ပျံသန်း လာနေကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ က ဆီးရီးယား လွတ်မြောက်ရေး စစ်ကောင်စီက အစိုးရကို တိုက်ခိုက်ရန် ရည်ရွယ်ပြီး ဖွဲ့စည်း ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဤကောင်စီသည် ဆီးရီးယားနယ်မြေကို သိမ်းပိုက်ပြီး အကြမ်းဖက်အုပ်စုအားလုံးမှ လုံးဝလွတ်မြောက်ရန်၊ အာဏာ ရစစ်တပ်ကို ဖြုတ်ချရန်၊ ၎င်း၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် ဂိုဏ်းဂဏဆိုင်ရာ ယန္တရားများကို ဖျက်သိမ်းကာ စည်းလုံး ညီညွတ်ပြီး အချုပ်အခြာအာဏာပိုင် အစိုးရတစ်ရပ် ထူထောင်ရန် ၎င်း၏ရည်မှန်းချက်ကို ကြေငြာခဲ့ ပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha