အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းအစိုးရ သတင်းပြန်ကြားရေးရုံးက မတ်လ ၈ ရက်၊ စနေနေ့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂါဇာကမ်းမြောင် ဒေသကို ဇီယွန်နစ်အစိုးရ ၏ လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါလက်စတိုင်းအမျိုးသမီး ၁၂၃၁၆ ဦး အသက်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဤစစ်ပွဲမှာ အမျိုးသမီး ၁၃၉၀၁ ဦးဟာ မုဆိုးမတွေဖြစ်ခဲ့ကြပြီး မိခင် ၁၇၀၀၀ က သားသမီးတွေ ဆုံးရှုံးခဲ့ရတယ်လို့လည်း ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အခုအချိန်မှာတောင် ကိုယ်ဝန် ဆောင် အမျိုးသမီး ၅၀၀၀၀ ဟာ လူမဆန်တဲ့ အခြေအနေတွေကို ခံစားနေရပါတယ်။
အစ္စရေးအစိုးရ၏ လူအခွင့်ရေး ချိုးဖောက်မှုများကြောင့် ပါလက်စတိုင်းအမျိုးသမီးနှင့် မိန်းကလေးငယ် ၂၀၀၀ သည် အမြဲတမ်းမသန်စွမ်းဖြစ်နေပြီး မကြာသေးမီအဆင့်တွင် ပါလက် စတိုင်းအမျိုးသမီး ဒါဇင်ပေါင်းများစွာကိုဖမ်းဆီးခဲ့ကြပြီး အကျဉ်းထောင်များအတွင်း နှိပ်စက် နေကြောင်း သိရပါတယ်။
ပိတ်ဆို့ထား ခြင်း၊ သန့်ရှင်းရေးချို့တဲ့ခြင်းနှင့် အကူအညီများ တားဆီးခြင်းတို့ကြောင့် ဂါဇာ အမျိုး သမီး များသည် မသေသင့်ဘဲ သေဆုံးနေရကြောင်း အဆိုပါရုံးမှ မှတ်ချက်ပြုခဲ့ပါ တယ်။
IRNA သတင်းဌာန ၏ အဆိုအရ ဇီယွန်ဝါဒီအစိုးရ၏ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲများနှင့် ဂါဇာ ကမ်းမြောင်ဒေသရှိ ဖိနှိပ်ခံပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုများသည် အမျိုး သမီးများနှင့် ကလေးငယ်များအပေါ် အကြီးမားဆုံး သက်ရောက်မှုရှိခဲ့ပြီး ၎င်းတို့အတွက် သည်းမခံ နိုင်သော အခြေအနေများကို ဖန်တီးပေးခဲ့ကြောင်း ဖြစ်ပါတယ်။
အလ်အရဘီယိုလ်ဂျဒီးဒ် သတင်းဌာန အနေဖြင့်လည်း ဂါဇာရှိ အမျိုးသမီးများ၏ အခြေအနေများကို ရည်ညွှန်း သည့်အစီရင်ခံစာ တွင်ယခင်ကဖော်ပြခဲ့ သည်ဂါဇာရှိအမျိုး သမီးများသည် ခက်ခဲသော အခြေအနေ တွင်ရှိပုံရပြီး၊ အထောက်အပံ့ ပစ္စည်းများမရှိခြင်း ကြောင့်အစ္စရေးအစိုး ရ၏ စစ်ပွဲတွင် ကလေးများနှင့် အတူထိခိုက်မှုအများဆုံးခံခဲ့ရသူများ ဖြစ်ကြောင်း ဆိုထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ပွဲသည် ဖြစ်ပွားနေသည့် စစ်ပွဲမှ အပြင်းထန်ဆုံး ခံစားခဲ့ရသော အမျိုးသမီးများ၊ အထူးသဖြင့် ကလေးငယ်များနှင့်အတူ နေထိုင်သူအားလုံးအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့ပါတယ်။
နယ်ချဲ့ ဇီယွန် စစ်တပ်၏ မူဝါဒကြောင့် ပါလက်စတိုင်းနိုင်ငံသား နှစ်သန်းခန့် အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အေးချမ်းမှုကို ယခုချိန်ထိ မရသေး ကြောင်း သိရှိရပါတယ်။
.......................................................
END / 251
Your Comment