အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA ၏ အဆိုအရ အီရန် အစ္စလာမ်တော်လှန်ရေး အစောင့်တပ်၏ ကွတ်ဒ်စ် ဌာနချုပ်၏ ပြည်သူ့ဆက်ဆံရေး ဌာနမှ စနေနေ့ညနေပိုင်းတွင် ထုတ်ပြန်သော ကြေငြာချက်တွင် ရှိုဟာဒါအေ စလာမ်မသီ ၏ လွန်ခဲ့သော သုံးလက စတင်ခဲ့သော ငြိမ်းချမ်းရေး လေ့ကျင့်ခန်းများ ကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းဖော်ပြထားပါတယ်။
အဆိုပါလေ့ကျင့်မှု၏တစ်စိတ်တစ်ပိုင်းအနေဖြင့် IRGC မြေပြင်တပ်ဖွဲ့၏ ကွတ်ဒ်စ် ဌာနချုပ်၊ IRGC ထောက်လှမ်းရေးနှင့် စစ်သာန် နှင့် ဗလူဂျစ်သာန် ပြည်နယ်ရဲ ကွပ်ကဲမှု အဖွဲ့တို့ မှ လုံခြုံရေးအစောင့်များသည် နိုင်ငံအရှေ့ဘက်ရှိ သက္က်ဖီးရီ အကြမ်းဖက်အဖွဲ့နှစ်ဖွဲ့ ၏ အဖွဲ့ဝင်ကိုးဦးကို မငြိမ်မသက်မှု၊ အဖျက်အမှောင့် ပြုမှု နှင့် အကြမ်းဖက်လုပ်ရပ်မျိုး မလုပ်မီတွင် ဖမ်းဆီးအရေးယူခဲ့ပါတယ်။
အဆိုပါ သက္က်ဖီးရီ အကြမ်းဖက်အဖွဲ့များ၏ လျှို့ဝှက်ပုန်းအောင်းနေသည့် နေရာ များမှ လက်နက်များ၊ စစ်သုံး ပစ္စည်းများနှင့် ကိရိယာအမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
IRGC Quds ဌာနချုပ်၏ ပြည်သူ့ဆက်ဆံရေးဌာနမှ ထုတ်ပြန်ချက်တွင် ဖမ်းမိထားသော အကြမ်း ဖက်သမားများ သည် နယ်စပ်ဖြတ်ကျော်၍ အကြမ်းဖက်ဝါဒကို လေးလကြာ လေ့ကျင့်သင်ကြားခဲ့ပြီး နိုင်ငံအတွင်း အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ရန် စီစဉ်နေသော်လည်း ၎င်းတို့၏ ယုတ်မာ ကောက်ကျစ်သည့် လုပ်ရပ် အား အကောင် အထည် မဖော်မီ အလျင် ဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။
.......................................................
END / 251
Your Comment