၁၂ မတ် ၂၀၂၅ - ၂၁:၁၉
တက္ကသိုလ် ကျောင်းသား များ သည် ယနေ့မွန်းလွဲပိုင်းတွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ နှင့် တွေ့ဆုံ

နိုင်ငံတစ်ဝှမ်း ရှိ တက္ကသိုလ် ကျောင်းသားအဖွဲ့အစည်းများမှ တက္ကသိုလ် ကျောင်းသားများ နှင့် တက်ကြွလှုပ်ရှားသူ တစ်စု သည် ယနေ့ လမြတ် ရမ်ဒွါန် ၁၁ ရက် နေ့ (ခ) ဗုဒ္ဓဟူးနေ့ ညနေတွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် တွေ့ဆုံခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံတစ်ဝှမ်း ရှိ တက္ကသိုလ် ကျောင်းသားအဖွဲ့အစည်းများမှ တက္ကသိုလ် ကျောင်းသားများ နှင့် တက်ကြွလှုပ်ရှားသူ တစ်စု သည် ယနေ့ လမြတ် ရမ်ဒွါန်  ၁၁ ရက် နေ့ (ခ) ဗုဒ္ဓဟူးနေ့ ညနေတွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  နှင့် တွေ့ဆုံခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ မိန့်ကြားချက်များ နှင့် အစီအစဉ်အစတွင် တက္ကသိုလ် ကျောင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် နိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ အပေါ် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောခဲ့ကြပါတယ်။

အစီအစဥ် အဆုံးတွင် တက္ကသိုလ် ကျောင်းသားများ မှ မဂ်ရိဗ် နှင့် အေရှာအ် နမာဇ် အား ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ရှေ့ဆောင် မှု တွင် ဝတ်ပြု ကြမည် ဖြစ်ပါတယ်။

တက္ကသိုလ် ကျောင်းသားအဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများအပြင် ယခင်က စနစ်ဖြင့် မှတ်ပုံတင်ထား သည့် အီရန် နိုင်ငံတဝှမ်းမှ အထွေထွေ တက္ကသိုလ်ကျောင်းသားများ အား မဲနှိုက်ခြင်းဖြင့် တွေ့ဆုံပွဲသို့ တက်ရောက်ခွင့်ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha