အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သာသနာ့ ရွှေမြို့တော် ကွမ်း မြို့ ရှိ ဟဇရသ် မအ်စူမဟ်ကွမ်း (စ.အ) ရောင်ဇာတော် ၏ အေမာမ် ခိုမေနီ (ရ.ဟ) တန်ဆောင်းကြီး တွင် ကဒဲရ် ညမြတ် များ ဖြစ်သည့် လမြတ် ရမ်ဒွါန် ၁၉ရက်ည ၊ ၂၁ရက်ည နှင့် ၂၃ရက် ည ၏ အစီအစဥ်များကို ည ၁၁၀နာရီ မှ ၂နာရီ အထိ ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အစီရင်ခံစာ အရ ည၁၁ နာရီ တွင် စုပေါင်း ဒိုအာယေ ဂျောင်ရှန်းကဘီးရ် ကို ဖတ်ရွတ်မည် ဖြစ်ပါတယ်။ပြီးနောက် တရားဟောကြားမည် ဖြစ်ပြီး ၊ ပြီးနောက် ကျမ်းတော်မြတ်ကုရ်အာန် အား ဦးခေါင်ပေါ်တင်၍ ပြုသည့် အမလ်ကို ပြုလုပ် မည် ဖြစ်ပြီး စုပေါင်းဒိုအာပြုမည်ဖြစ်ပါတယ်။ ဤအစီအစဥ် သည် ည ၂နာရီ ပြုလုပ်မည် ဖြစ်ပြီး ဟဇရသ် မအ်စူမဟ်ကွမ်း (စ.အ) ရောင်ဇာတော် ၏ အေမာမ် ခိုမေနီ (ရ.ဟ) တန်ဆောင်းကြီး တွင် ပြုလုပ်မည် ဖြစ်ပါတယ်။
ဤအစီအစဥ်မစမည် ကျမ်းတော်မြတ် ကုရ်အာန်၏ သေလာဝသ် ပြုခြင်း ၊ အဲဟ်ကာမ် ကို တင်ပြခြင်း မိုနာ ဂျာသ် ဖတ်ခြင်း ၊ ဇေယာရသ် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် ဇေယာရသ် ဝါရေစ် ဖတ်ရွတ် ခြင်းတို့ကို ပြုလုပ် မည် ဖြစ်ပါတယ်။
ကဒဲရ်ညမြတ်များ ဖြစ်သည့် လမြတ် ရမ်ဒွါန် ၁၉ ရက် ည နှင့် ၂၁ ရက်ည ၏ စုပေါင်း ဒိုအာယေ ဂျောင်ရှန်းကဘီးရ် အား အဘာစ် ဟိုင်ဒဲရ် ဇါဒေဟ် မှ ဦးဆောင် ဖတ်ရွတ်ပေးမည် ဖြစ်ပြီး တရားဟောကြားမှု နှင့် ကျမ်းတော် မြတ် ကုရ်အာန် အား ဦးခေါင်ပေါ်တင်၍ ပြုသည့် အမလ် ကို ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ဒေါက်တာ ရဖီးအီ မှ ဟောကြား ဦးဆောင်မည် ဖြစ်ပါတယ်။
ကဒဲရ်ညမြတ်၏ လမြတ် ရမ်ဒွါန် ၂၃ ရက်ည ၏ စုပေါင်း ဒိုအာယေ ဂျောင်ရှန်းကဘီးရ် အား ဆယက်ဒ် အလီ ဟိုစိုင်းန်နီ မှ ဦးဆောင် ဖတ်ရွတ်ပေးမည် ဖြစ်ပြီး တရားဟောကြားမှု နှင့် ကျမ်းတော် မြတ် ကုရ်အာန် အား ဦးခေါင်ပေါ်တင်၍ ပြုသည့် အမလ် ကို အာယာသွလ္လာဟ် ဆယက်ဒ် မီးရ် ဘာကဲရ်ရီ မှ ဟောကြား ဦးဆောင်မည် ဖြစ်ပါတယ်။
ဟဇရသ် မအ်စူမဟ်ကွမ်း (စ.အ) ရောင်ဇာတော် တွင် ကဒဲရ် ညမြတ် များ ၏ ည ၁၁နာ ရီမှ ည ၂နာရီ အထိ ပြုလုပ်မည့် အစီအစဥ်များကို အီရန် ရုပ်မြင်သံကြား ၂ နှင့် ကွမ်းပြည်နယ် ရုပ်မြင်သံကြား နူးရ် မှ တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ပါတယ်။
.......................................................
END / 251
Your Comment