၂၉ မတ် ၂၀၂၅ - ၀၃:၁၇
ထရမ့်စာ အတွက်  အီရန် အဖြေပေး ၊ စေ့စပ် ညှိနှိုင်းမှုများ ကို ကြားဝင်နိုင်ငံ မှ တဆင့် ပြုနိုင်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အမေရိကန်သမ္မတ ထရမ့် ၏ ပေးစာအပေါ် အဖြေပေးသည့် အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ပေးအပ်ဖို့ အိုမန်နိုင်ငံ ကို လွဲပြောင်းပေးလိုက်ပြီလို့ ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ အစီခံစာ အရ  IRNA နဲ့ စကားပြောရာမှာ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ   အမေရိကန် ၏ ပေးထားသည့် စာ အတွက် အဖြေပေးစာ ကို မတ် ၂၆ ရက်က အိုမန်နိုင်ငံမှ တဆင့် အမေရိကန်ကို လွဲပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး စစ်ရေးအရ ခြိမ်းခြောက်မှု ပြင်းထန်သော ဖိအားများနှင့် ခြိမ်းခြောက်မှုများကြောင့် ကျွန်ုပ်တို့၏ မူဝါဒသည် ကြားဝင် နိုင်ငံ မှ တဆင့်  စေ့စပ်ညှိနှိုင်းမှုအပေါ် အခြေခံနေဆဲဖြစ်ကြောင်း ဆယက်ဒ် အဘာစ် အီရတ်က်ကျီ   က ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး ဤမူဝါဒ ကြားဝင် နိုင်ငံ မှ တဆင့်  စေ့စပ်ညှိနှိုင်းမှု ကို အတိတ်က ပြုလုပ်ခဲ့သလို ဆက်လက်လုပ်ဆောင်နိုင်သည်ဟု အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ယခင် အီရန် သမ္မတ ဟောင်း  ရူဟာနီ ရာထူးသက်တမ်းအတွင်း များ ပြုလုပ်ခဲ့ပြီး ရှဟီးဒ် အာယာသွလ္လာဟ် ရအီစီ ရာထူးသက်တမ်းအတွင်း ပြုလုပ်ခဲ့ ကြောင်း ဆယက်ဒ် အဘာစ် အီရတ်က်ကျီ   က ပြောကြားခဲ့ပါတယ်။

မတ် ၁၂ ရက်တွင် အမေရိကန်သမ္မတ၏ စာကို အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး အန်ဝရ် ကရ်ကာရှ် မှ တဆင့် တီဟီရန်သို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါစာအား ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  ထံ ပေးပို့ထားပြီး JCPO နှင့် ကွဲပြားသော သဘောတူညီချက်တစ်ရပ်ကို ညှိနှိုင်းရန် အီရန်အား ထရန့်က ကမ်းလှမ်းထားကြောင်း သိရပါတယ်။

အီရန် အနေဖြင့် အခုလို ကြားခံ နိုင်ငံမှ တဆင့် ထရမ့် ၏ ပထမ သမ္မတ သက်တမ်းတွင် လုပ်ခဲ့ချိန် ကလည်း ထရမ့် သည် ကတိပျက်ခဲ့သူဖြစ်ပါတယ်။ အခုလည်း ထရန့်အားကြောက် ၍ မဟုတ်ဘဲ မသက်ဆိုင်သည့် ပြည်သူများ မသေရအောင် ထရန့် အား အကြောင်းပြချက်မရ သွားအောင် အခွင့် အရေး တစ်ခါပေးသည့် အနေဖြင့် ကြားဝင်နိုင်ငံ မှတဆင့် စေ့စပ် ညှိနှိုင်းမှုများ ကို ပြုမည် ဟု မပြောသေးဘဲ ပြုနိုင်ကြောင်းပြောထားခြင်း ဖြစ်ပါတယ်။

တစ်ဖက်တွင် အီရန် အနေဖြင့် ထရမ့် ကတိပျက်ပြီး ပထမ တစ်ခေါက်လို့ ကောက်ကျစ် ယုတ်မာလာလျင် အဖြေ အပြည့်အဝ ပေးရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သတိပြုသင့်ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha