အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟားမတ်စ်အဖွဲ့ အလ်ကစာမ် တပ်မဟာ၏ နောက်ဆုံး စစ်ဆင်ရေး ရလဒ်ကြောင့် နယ်ချဲ့ အကြမ်းဖက် အစ္စရေး တပ်ဖွဲ့ဝင်များ အသေ အပျောက် ပြင်းထန်စွာ ခံစားခဲ့ရကြောင်း Mehr သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဂါဇာမြောက်ပိုင်းရှိ ဘိုက်သိုဟာနူန် ဒေသတွင် အလ်ကစာမ် တပ်မဟာများ၏ တိုက်ခိုက်မှုကြောင့် နယ်ချဲ့ အကြမ်းဖက် အစ္စရေး စစ်သားတစ်ဦး သေဆုံးပြီး အခြားငါးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း နယ်ချဲ့ အကြမ်းဖက် အစ္စရေး စစ်တပ်ရေဒီယိုမှ အတည်ပြုပြောကြားခဲ့ပါတယ်။
ဒေသခံသတင်းရင်းမြစ်များ၏အဆိုအရ တော်လှန်ရေးတပ်ဖွဲ့များသည် ဤစစ်ဆင်ရေးတွင် မော်တာကျည်များနှင့် ဖောက်ခွဲရေးပစ္စည်းများကို အသုံးပြုခဲ့ပါတယ်။
အစ္စရေးစစ်တပ်ရဲ့ ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ တိုက်ခိုက်သူတွေဟာ မြေအောက်ဥမင်လိုဏ်ခေါင်းကနေ ထွက် လာတယ်လို့ Al Jazeera သတင်းဌာန က ပြောပါတယ်။
ဤဥမင်လှိုဏ်ခေါင်းသည် ဘိုက်သိုဟာနူန်လုံခြုံရေးဇုန်တွင် နယ်ချဲ့ အကြမ်းဖက် အစ္စရေးစစ်တပ်မှ ယခင်က ရှာဖွေတွေ့ရှိပြီး စုံစမ်းစစ်ဆေးခဲ့သည့် အလားတူဥမင်လိုဏ်ခေါင်းဖြစ်ပါတယ်။
.......................................................
END / 251
Your Comment