အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အဆိုအရ အစ္စရေး အာဏာပိုင်များသည် အဆိုပါ စေ့စပ် ညှိနှိုင်း ဆွေးနွေးပွဲ၏ အသေးစိတ်အချက်အလက်များကို သိရှိခွင့်မရှိသောကြောင့် တဲလ်အဗစ်သည် အမေရိကန်နှင့် အီရန်တို့ကြား သွယ်ဝိုက်သော ညှိနှိုင်း ဆွေးနွေးပွဲများနှင့် ပတ်သက်၍ အလွန်စိုးရိမ်မိကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့ ကြောင်း ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များအရ Al-Mayadeen သည် ဇီယွန်ဝါဒီအာဏာပိုင်များသည် အဆိုပါစေ့စပ်ညှိနှိုင်းမှုများနှင့်ပတ်သက်သည့် ယေဘုယျသတင်းအချက်အလက်အချို့ကိုသာ လက်ခံ ရရှိကြောင်း အစ္စရေးရုပ်သံလိုင်း ၁၃ ကို ကိုးကား၍ အစီရင်ခံတင်ပြခဲ့ပြီး ယင်းသည် အစ္စရေး ခေါင်းဆောင်များ အတွက် စိုးရိမ်စရာဖြစ်စေခဲ့ကြောင်း ဆိုထားပါတယ်။
အမေရိကန်တာဝန်ရှိသူများသည် အစ္စရေး ၏စကားများကို ဂရုမစိုက်ရုံသာမက စေ့စပ်ညှိနှိုင်းမှုအသေးစိတ်နှင့် ပတ်သက်၍လည်း အသိပေးခြင်းမခံရခြင်းကြောင့် အစ္စရေးသည် ဆိုးရွားသောပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရ ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
တဲလ်အဗစ်သည် အီရန်ကို တိုက်ခိုက်ရန် အနေအထားတွင် မရှိကြောင်း အစ္စရေး ရုပ်သံလိုင်းက ဝန်ခံခဲ့ပြီး အမေရိကန်၏ ပံ့ပိုးကူညီမှုမရှိဘဲ အီရန်ကို တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း ဝန်ခံ ပြောကြားခဲ့သည်။
.......................................................
END / 251
Your Comment