အဲဟ်လေ့ဘိုက် (သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီလေတပ်နှင့်မဟာမိတ်များ ဖက်မှ ယီမင်အပေါ် ကျယ်ပြန့်စွာ ကျူးကျော် စစ် တိုက်ခိုက်ခဲ့တာ ၄၂ရက်တိုင် ရှိသွားပြီးဖြစ်ပါတယ်။ ဗုံးကြဲ တိုက်ခိုက်ရာ တွင် ဆအ်ဒေ ၊ ဇမာရ်၊ ဆွဒ်အာ ပြည်နယ်များ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ယနေ့ သောကြာနေ့ ဆိုလျင် ဆော်ဒီ လေတပ်မှ ယီမင် နိုင်ငံ ဆအ်ဒေပြည်နယ် ရှိ အန်ဆွာရွလ္လာဟ် အဖွဲ့ အားတည် ထောင်ခဲ့သူ ၏ ဂူဗိမာန် အား ဗုံးကြဲတိုက်ခိုက်ပြီးလူမဆန်သည့် လုပ်ရပ်ကို ပြုခဲ့ကြပါတယ်။
အလ်မစီရာ ရုပ်မြင်သံကြားသတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ ဆော်ဒီတိုက်လေယာဉ် နှင့် အမေရိကန် တိုက်လေယာဉ်များဟာ ယီမင် နိုင်ငံ ဆအ်ဒေပြည်နယ် ရှိ အန်ဆွာရွလ္လာဟ် အဖွဲ့ အားတည် ထောင်ခဲ့သူ (ဆယက်သ် ဟိုစိန် ဗဒရူဒ် ဒီးန် အလ်ဟောင်စီ ) ၏ ဂူဗိမာန် အား ဗုံးကြဲတိုက်ခိုက်ပြီး လူမဆန်သည့် လုပ်ရပ်ကို ပြုခဲ့ကြပါတယ်။
အလ်မစီရာ ရုပ်မြင်သံကြား သတင်းဌာနမှ သတင်းထောက်မှ ပြောကြား ပါတယ်။ ကျူးကျော်စစ်ဖြင့် တိုက်ခိုက် နေတဲ့ ကျူးကျော် တိုက်လေယာဉ် များဟာ မရာန် ရှိ အလ်ဂျိုမိုင်မဲ ဒေသကို ပစ်မှတ်ထားပြီး ၁၄ ကြိမ် ဗုံးကြဲ တိုက်ခိုက် ခဲ့ကြောင်း ၊ ရှဟီးဒ် ဆယက်သ် ဟိုစိန် ဗဒရူဒ် ဒီးန် အလ်ဟောင်စီ ၏ ဂူဗိမာန်ကို လည်း ပစ် မှတ်ထား တိုက်ခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။
ဆော်ဒီတိုက်လေယာဉ် နှင့် အမေရိကန် တိုက်လေယာဉ်များဟာ ရှဟီးဒ် ဆယက်သ် ဟိုစိန် ဗဒရူဒ် ဒီးန် အလ်ဟောင်စီ ၏ ဂူဗိမာန်ကို ပစ် မှတ်ထား ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် မိမိတို့ရည်ရွယ်ချက်များ မအောင်မြင် တော့ ကြောင်း ၊ အရှုံး နှင့်သာ လုံးဝ ရင်ဆိုင်ရင်ရမည် ဖြစ် ကြောင်း ကို သိနေ သည့် အတွက်ကြောင့် အခုလို လူမဆန်စွာ တိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။
ရှဟီးဒ်များ၏ ကဗဲရ် များ နှင့် ပြည်သူ လူထု ၏ လူနေ အိမ်များကို ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်ခြင်းဖြင့် ဆော် ဒီများ နှင့်၎င်းတို့၏ မဟာမိတ်များသည် ယီမင်ပြည်သူလူထုအား ရန်သူများ အဖြစ်သတ်မှတ် ထားကြောင်း ထင်ရှားနေပါတယ်။
သိထားရမည့် အချက်မှာ ရှဟီးဒ် ဆယက်သ် ဟိုစိန် ဗဒရူဒ် ဒီးန် အလ်ဟောင်စီ ၏ မယသ် (အလောင်း) အား ယီမင်အစိုးရဟောင်းနှင့်အန်ဆွာရွလ္လာဟ် တို့ ၏ ၉ နှစ်တာ တိုက်ခိုက်မှုပြီးနောက် ပျောက်ကွယ်နေရာမှ ဇွန်လ ၅ရက်နေ့ ၂၀၁၄ ခုနှစ်တွင် ဒဖ်နာ ခဲ့ခြင်း ဖြစ်ပါတယ်။
လက်ရှိ အခြေအနေ ကုလသမဂ္ဂမှလည်း ဆော်ဒီ လေကြောင်းတိုက်ခဲ့ မှုကြောင့် သေဆုံးသူများ ၊ ဒဏ်ရာ ရသူများ တိုးပွားလာမှု အတွက် အလွန်တရာစိုးရိမ် ပူပန် လျက်ရှိပါတယ်။ ၆ပတ်တာ ဆော်ဒီနှင့် ၎င်း၏ မဟာမိတ်တပ်များ၏ လူမဆန်မှုကြောင့် သေဆုံးသူ အယောက် ၁၄၀၀၀ နှင့် ဒဏ်ရာ ရရှိသူ ၆ထောင် ရှိနေပြီး ဖြစ်ကြောင်း သိရှိရပါတယ်။
ကုလသမဂ္ဂ၏ယီမင်နိုင်ငံ လူသားချင်းစာနာ ၊ကယ်ဆယ်နှင့်ထောက်ပံ့ရေး တာဝန်ခံ (ယူဟာနစ်ဝန်ဒရ်ကလာ ) မနေ့က ကြာသပတေးနေ့ တွင် ထုတ်ပြန်ချက် တစ်ခု ကို ကြေညာထားပါတယ်။၎င်း၏ ထုတ်ပြန် ကြေညာ ချက်အရ ဆော်ဒီ နှင့် ၎င်း၏ မဟာမိတ် လေကြောင်းတိုက်ခဲ့ မှုကြောင့် သေဆုံးသူအယောက် ၁၄၀၀၀ ကျော် ရှိနေပြီး ဖြစ်ပြီး အများစု မှာ ယီမင် တပ်မတော်သား များ မဟုတ်ကြကြောင်းပြောထားပါတယ်။ ဒဏ်ရာ ရရှိသူ ၆ထောင် ရှိနေပြီး ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။
လူ့အခွင့်ရေး လူ့အခွင့်ရေး အသံထုတ် အော်နေသည့် အနောက်နိုင်ငံများနှင့် အစ္စလာမ် နိုင်ငံများ ကို အခုလိုဆော်ဒီ နှင့် မဟာမိတ်များ ယီမင်အပေါ် တိုက်ခိုက်မှု ကြောင့် အပြစ် မဲ့ မဆီမဆိုင်ပြည်သူများ ၊အမျိုးသီးများ ကလေးများ ၏အများအပြား အသက်စတေးနေမှု ကို ရေငုံ နှုတ်ပိတ်နေနိုင်ကြခြင်းမှာလည်း အံ့သြစရာ ပင် ဖြစ်ပါတယ်။
--------------
251 / End






