၈ ဇွန် ၂၀၁၅ - ၁၈:၃၀
ထိုင်းနိုင်ငံယာဉ်တိုက်မှုဟောင်ကောင်ခရီးသွား၃ဦးသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်းပင်လယ်ကမ်းခြေအပန်းခြေကမ်းခြေမြို့ဖြစ်တဲ့ချာအမ်းမြို့နယ်ထဲမှာမနေ့ကဖြစ်ပွားခဲ့တဲ့ယာဉ်မတော်တဆမှုကြောင့်ဟောင်ကောင်ကမ္ဘာလှည့်ခရီးသွား၃ဦးနဲ့ ထိုင်းယာဉ်မောင်းတဦးသေဆုံးသွားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ထိုင်းနိုင်ငံတောင်ပိုင်းပင်လယ်ကမ်းခြေအပန်းခြေကမ်းခြေမြို့ဖြစ်တဲ့ချာအမ်းမြို့နယ်ထဲမှာမနေ့ကဖြစ်ပွားခဲ့တဲ့ယာဉ်မတော်တဆမှုကြောင့်ဟောင်ကောင်ကမ္ဘာလှည့်ခရီးသွား၃ဦးနဲ့  ထိုင်းယာဉ်မောင်းတဦးသေဆုံးသွားပါတယ်။

 

ဘန်ကောက်မြို့ကနေ  ချအမ်းကိုအသွားကားမတော်တဆမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး  ကားပေါ်မှာယာဉ်မောင်းအပါအ၀င်စုစုပေါင်းခရီးသည်၇ဦးပါဝင်တယ်လို့ထိုင်းရဲအရာရှိတွေကဆိုပါတယ်။

 

သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ပြောပြချက်တွေအရအရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့ဗင်ကားဟာအရှိန်မထိန်းနိုင်ဘဲလမ်းဘေးသစ်ပင်ကိုဝင်တိုက်ခဲ့တာလို့ဆိုပါတယ်။

 

အဲဒီဖြစ်စဉ်မှာဟောင်ကောင်ကမ္ဘာလှည့်ခရီးသွားအမျိုးသားတဦး၊အမျိုးသမီးနှစ်ဦးနဲ့ထိုင်းနိုင်ငံသားယာဉ်မောင်းတဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ထိုင်းရဲအရာရှိတွေကပြောပါတယ်။

 

အသက်လေးနှစ်အရွယ်ကလေးတဦးအပါအ၀င်အခြားလူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဆေးရုံမှာတက်ရောက်ဆေးကုသမှုခံယူနေပါတယ်။

 

ရဲတွေကဘာကြောင့်ယာဉ်မတော်တဆမှုဖြစ်ရတယ်ဆိုတာကိုဆက်လက်စုံစမ်းသွားမယ်လို့ဆိုပါတယ်။

 

ချာအမ်းခရိုင်ဟာကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကြားထင်ရှားတဲ့ထိုင်းနိုင်ငံတောင်ပိုင်းကကမ်းခြေမြို့တမြို့ဖြစ်ပြီးဘန်ကောက်မြို့တောင်ဘက်မိုင်၁၁၀ကျော်လောက်အကွာအဝေးမှာတည်ရှိပါတယ်။

========================================

251 / End