၁၅ ဩဂုတ် ၂၀၁၅ - ၀၇:၂၇
မဂ်ျမအ် အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏  ဆဌမ အကြိမ်မြောက် အထွေထွေ ညီလာခံ အား အီရန် သမ္မတ တက်ရောက် မှုဖြင့် စတင်

မဂ်ျမအ် အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဆဌမ အကြိမ်မြောက် အထွေထွေ ညီလာခံအား သြဂုတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် သမ္မတ ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွတ်စလေမီး ဒေါက်တာ ဟစန် ရူဟာနီ၏ အဖွင့်အမှာ စကားပြောခြင်း ဖြင့်စတင် ခဲ့ပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

မဂ်ျမအ် အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏  ဆဌမ အကြိမ်မြောက် အထွေထွေ ညီလာခံအား သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း တွင် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် သမ္မတ ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွတ်စလေမီး ဒေါက်တာ ဟစန် ရူဟာနီ ၏ အဖွင့်အမှာ စကားပြောခြင်း ဖြင့်စတင် ခဲ့ပါတယ် ။

ဤညီလာခံ အား ((အစ္စလာမ် ဘာသာ၏ ရည်ရွယ်ချက်များ တိုးတက် ရန်စည်းလုံးညီ ညွတ်မှု  နှင့်ညှိနှိုင်းမှု ဖြင့်ဆောင်ရွက်ခြင်း)) ဆိုသည့် ခေါင်းစဉ် ဖြင့်ကျင်းပနေပြီး နိုင်ငံတကာ မှ အရေးပါ အရာရောက်သည့် ပုဂ္ဂိုလ် ပေါင်း အယောက် ၁၀၀၀ တက်ရောက်နေရာယူလျက် ရှိပါတယ် ။

ဒီ မဂ်ျမအ် အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏  ဆဌမ အကြိမ်မြောက် အထွေထွေ ညီလာခံ ဖွင့်ပွဲ ၏ မိန့်ခွန်းများ ကို မဂ်ျမအ် အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေ ထွေ အတွင်းရေးမှူး ချုပ် ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွတ်စလေမီး မိုဟမ္မဒ် ဟစန် အခ်သရီ ၊ အီရတ် နိုင်ငံပါလီမန် ဥက္ကဋ္ဌ ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွတ်စလေမီး ဆယက်ဒ် အမါရ် ဟကီးမ် ၊ ဟေစ်ဘွလ္လာဟ် အမျိုးသမီးရေးရာ ဆိုင်ရာ ဥက္ကဋ္ဌ မိုဟ်သရာမာ အေဖါဖ်ဟကီးမ် ၊ အီရန် သမ္မတအိမ်တော် အုပ်ချုပ်ရေးမှူး ဒေါက်တာ မိုဟမ္မဒ် နေဟာဝန်ဒီယန် တို့မှ အသီးသီး မိန့်ခွန်းများ ပြောကြားခဲ့ပါတယ် ။

၎င်းတို့အရင်း ဖွင့်ပွဲ အမှာစကား ကို ပြည်ထောင်စု အစ္စလာမ်မစ် အီရန် သမ္မတ ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွတ်စလေမီး ဒေါက်တာ ဟစန် ရူဟာနီ မှ မိန့်ကြားခဲ့ခြင်း ဖြစ်ပါတယ် ။

ဒီညီလာခံ ဖွင့်ပွဲ ကျင်းပ ပြီးနောက်ပိုင်း တစ် ရက်တည်းမှာပဲ အပြည်ပြည်ဆိုင် အေမာမ် စဂျာဒ် (အ.စ) ညီလာခံ ကိုလည်း ကျင်းပသွားမည် ဖြစ်ပါတယ်။

မဂ်ျမအ် အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏  ဆဌမ အကြိမ်မြောက် အထွေထွေ ညီလာခံတွင်နိုင်ငံပေါင်း ၁၃၀ မှ အရေးပါ အရာရောက်သည့် ပုဂ္ဂိုလ် ပေါင်း အယောက် ၅၀၀ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံဖက်မှ အယောက် ၅၀၀ တက်ရောက်နေရာယူ ခဲ့ပါတယ်။

ဒီညီလာခံ မှာ လက်ရှိ ကမ္ဘာ ပေါ် ရှိမွတ်စလင်မ်များ၏ အခြေအနေ နှင့် ပြဿနာများ နှင့် စပ်နွယ်ပြီး ဆွေးနွေး အဖြေရှာကြမှာ ဖြစ်ပါတယ် ။

---------------------------------------

251 / End