အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အနောက်ဥရောပ၌ အ ကြီးဆုံး ဗလီဟု လူအများ သတ် မှတ်ကြသော လန်ဒန်ဗလီတစ်ခု တွင် စက်တင်ဘာ ၂၆ ရက်က မီး လောင်မှုဖြစ်ပွားခဲ့သည်။
လန်ဒန်မြို့ အနောက်တောင်ပိုင်း မော်ဒန်အရပ်ရှိ Baitul Futuh ဗလီ၌ လောင်ကျွမ်းသောမီးကို မီးသတ်ကား ၁၀ စီး ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
မီးခိုးမွှန်၍ အသက်(၄၀)ခန့် အမျိုးသားတစ်ဦး ဆေးရုံတင်ခဲ့သည်ဟု လန်ဒန်လူနာတင်ယာဉ် ၀န်ဆောင်မှုက ပြောသည်။
အဆိုပါဗလီကို Ahmadiyya မွတ်စလင် အဖွဲ့အစည်းအတွက် အစည်းအဝေးပွဲ ကျင်းပရာနေရာ နှင့် ဘာသာရေးပွဲများ ကျင်းပရာ နေရာတစ်ခုအဖြစ် အသုံးပြုရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
၅ ဒသမ ၂ ဧက ကျယ်ဝန်း သော အဆိုပါဗလီကို ၂၀၀၃ တွင် ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ် သည်။
ယင်းဗလီ၌ အနည်းဆုံး လူ ၁၀,၅၀၀ ခန့် ၀တ်ပြုဆုတောင်း နိုင်သည်ဟု ဗလီဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။
‘‘အဲဒီဗလီ အရမ်းကိုလှတဲ့ အဆောက်အအုံတစ်ခု ဖြစ်ပါ တယ်။ အခုဖြစ်သွားတဲ့ ကိစ္စက အရမ်းဝမ်းနည်းစရာ ကောင်းပါ တယ်’’ ဟု မာတန်စီရင်စု အာ ဏာပိုင်အဖွဲ့ ခေါင်းဆောင်က ပြောသည်။
မီးလောင်မှု ဖြစ်ပွားချိန်၌ ဗလီတွင်း၌ ၀တ်ပြုဆုတောင်းသူ မရှိဟု ၎င်းက ပြောသည်။
ဗလီမြေညီထပ် ထက်ဝက် ခန့်နှင့် ပထမထပ် အစိတ်အပိုင်း အချို့အပြင် ခေါင်မိုးလည်း မီး လောင်ကျွမ်းခဲ့သည်။
မီးသည် အုပ်ချုပ်ရေးပိုင်း အဆောက်အအုံများကို လောင် ကျွမ်းခဲ့ကြောင်းနှင့် ဗလီမှာ အ လွန်အမင်း ထိခိုက်ပျက်စီးမှု မရှိ ကြောင်း လန်ဒန်မြို့ မီးသတ်ဌာန က ပြောသည်။
---------------------------------------
251 / End